သူ့ရင်ထဲက ပီတိစကားတွေပြောပြလာပါတယ်။

အဆိုတော်နိုင်းဝမ်းကတော့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံလိုက်ရတဲ့ မိခင်အတွက် အရမ်းဝမ်းသာနေတာ ဖြစ်ပါတယ်။ 

Photo: Nine One



အဆိုတော် နိုင်းဝမ်းကတော့ မိခင်ဖြစ်သူအတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်လို့နေပါတယ်။ သူ့ရဲ့ မိခင်ဟာ မန္တလေးတိုင်း တရားလွှတ်တော်တရားသူကြီးအဖြစ် ဒီနေ့ ဇူလိုင်(၂၈) ရက်နေ့ မနက်မှာပဲ ရွေးချယ်တင်မြှောက်ခြင်းခံလိုက်ရတယ်လို့ သိရပါတယ်။ 

" Congratulations Mommy? အမေချစ်ခင်တန်ဖိုးထားတဲ့ တရားရေးဝန်ထမ်းလောကမှာ ယခုလို "မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးအဖြစ်" ရွေးချယ်တင်မြောက်ခြင်းခံရတဲ့အတွက် သားတစ်ယောက်အနေနဲ့ အလွန်ဝမ်းသာမိပါတယ်။ သားတို့ငယ်ငယ်ကတည်းက ရိုးသားဖို့၊ ကြိုးစားဖို့၊ စိတ်ကောင်းထားဖို့ အမြဲဆုံးမပြီး အမေကိုယ်တိုင်လဲ အဲ့လိုကျင့်ကြံနေထိုင်ခဲ့တဲ့ သားတို့ရဲ့အမေအတွက် ရင်ထဲကဖေါ်မပြတတ်အောင်ဝမ်းသာဂုဏ်ယူမိပါတယ်။ အမေ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် နိုင်ငံရဲ့တာဝန်များကို သယ်ပိုးထမ်းဆောင်နိုင်ပါစေအမေ" ဆိုပြီးတော့ ဇူလိုင်လ ၂၈ ရက်နေ့ မနက် (၉) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Nine One

နိုင်းဝမ်းရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်စန်းမြင့်ကိုတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၄)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၂ ၊ ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၅၀ နှင့် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (ဃ) တို့ပါ ပြဌာန်းချက်များအရ မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ဇူလိုင်လ(၂၈) ရက်နေ့ မနက်က မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

Photo: Nine One

နိုင်းဝမ်း(Nine One)ဟာ ဂီတလောကထဲသို့ ၂၀၀၂ ခုနှစ်လောက်က စတင်ဝင်ရောက်လာပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးပါ။ ယခုလက်ရှိမှာ သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ နိုင်းဝမ်းဟာ ချစ်သူနဲ့လည်း ခရီးတွေ ဆက်တိုက်ထွက်ဖြစ်သလို ပရဟိတအလုပ်တွေ ကုသိုလ်ရေးတွေကိုလည်း အရင်ကထက် ပိုပြီး လုပ်ကိုင် လာသူလည်း ဖြစ်ပါတယ်။ နိုင်းဝမ်းဟာ နင်သာရှိရင် သီချင်းနဲ့လည်း ရွှေ FM ရဲ့ အကောင်းဆုံး ကိုယ်ပိုင် သံစဉ်တေးပြု စာဆိုဆုကိုလည်း ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က