ရိုက်ကွင်းပေါ်က စက်အဖွဲ့သားတွေကလည်း မွေးနေ့ဆုတောင်းခဲ့ကြပါတယ်။

စည်ဖြိုးက ‘’တစ်သက်စာ’’ ရုပ်ရှင်ရိုက်ကွင်းပေါ်မှာ မိခင်ဖြစ်သူအတွက် မွေးနေ့အလှူ ပြုလုပ်ခဲ့ပါတယ်။ ရိုက်ကွင်းပေါ်က အဖွဲ့သားတွေကလည်း မွေးနေ့ ဆုမွန်ကောင်း တောင်းခဲ့ကြပါသေးတယ်။

Photo: Si Phyo

သရုပ်ဆောင်စည်ဖြိုးက မတ်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ မိခင်ဖြစ်သူ ဒေါ်သီသီဝင်းရဲ့ မွေးနေ့အတွက် ‘’တစ်သက်စာ’’ ရုပ်ရှင်ရိုက်ကွင်းပေါ်မှာ အလှူအတန်းတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

‘’နောက်တစ်နာရီမှာကျရောက်မယ့် ကျေးဇူးရှင်မေကြီး ရဲ့မွေးနေ့ အတွက် မွေးနေ့အလှူဒါနလက်ဆောင် အနေနဲ့ ဒီနေ့ည "တစ်သက်စာ"ရုပ်ရှင်ရှူတင်နောက်ဆုံးနေ့မှာ အဖွဲ့သား ၇၀ စာ ဒံပေါက် နဲ့ ကြက်ဆီထမင်း ရည်စူးအဟာရဒါနပြုပေးခဲ့ပါတယ်။ ချစ်တဲ့မေကြီး အသက်ရှည်လို့အနာမယ့်ပြီး ဆန္ဒ နဲ့ ဘဝ တစ်ထပ်တည်း ကြပါစေ’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မတ်လ ၁၈ ရက်နေ့ ည ၁၁ နာရီခွဲက ရေးသားခဲ့တာ တွေ့ရပါတယ်။

Photo: Si Phyo

အဲဒီနောက် ‘’တစ်သက်စာ’’ရုပ်ရှင်ရိုက်ကွင်းမှာ ဒါရိုက်တာစတီး(လ်) နဲ့အတူ စက်အဖွဲ့သားတွေကလည်း ဒေါ်သီသီဝင်း အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။ အဲဒီနောက် စည်ဖြိုးကိုလည်း ကျေးဇူးတင်စကားပြောခဲ့တာကို ဖေ့စ်ဘွတ်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်ကနေတဆင့် သိရပါတယ်။

‘’Ever Top ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် အန်တီ T ကျန်းမာပါစေ၊ ချမ်းသာပါစေ။ သရုပ်ဆောင်စည်ဖြိုး ဒီ့ထက်မက အောင်မြင်ကျော်ကြားသော သရုပ်ဆောင်တစ်ယောက်ဖြစ်ပါစေ။ သရုပ်ဆောင် ခင်လွှမ်းလည်း မကြာခင်မှာ အောင်မြင်တဲ့ သရုပ်ဆောင် မင်းသမီးတစ်ယောက်ဖြစ်ပါစေ ခင်ဗျာ’’ ဆိုပြီးတော့ မွေးနေ့ဆု တောင်းပေးခဲ့ကြတာကို တွေ့ရပါတယ်။

Photo: Si Phyo

စည်ဖြိုးက လက်ရှိမှာတော့ ‘’တစ်သက်စာ’’ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာစတီး(လ်) ဒွေးမေတ္တာနဲ့ ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် မင်းမော်ကွန်း၊ စည်ဖြိုး၊ ရဲအောင်၊ နေထက်လင်း၊ သက်မွန်မြင့်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဧည့်သည် သရုပ်ဆောင်အနေနဲ့ ဘေဘီမောင်၊ နန်းခင်ဇေယျာတို့ ပါဝင်ကြမှာပါ။

Photo: Si Phyo

စည်ဖြိုးက လက်ရှိမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။ လက်ရှိမှာလည်း ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ 



က္က