သူမရဲ့ပီတိစကားလေးတွေ ပြောပြထားပါတယ်။

ဘုန်းသီရိကျော်ဟာ သူမရဲ့ မိဘနှစ်ပါးဆီက ခြေရာတောင်းယူခွင့်ရခဲ့တဲ့ ပီတိလေးကို အခုလို မျှဝေခဲ့ပါတယ်။ 

Photo: phone Thiri Kyaw



ပရိသတ်အချစ်တော် ဆယ်ကျော်သက် မင်းသမီးချောလေး ဘုန်းသီရိကျော် ကတော့ မိခင်ဖြစ်သူရဲ့ မွေးနေ့မှာ ပီတိဖြစ်ရတဲ့ အမှတ်တရလေးကို ပြောပြလာပါတယ်။ မိဘနှစ်ပါးရဲ့ ခြေရာကို ပုံတူသွင်းခဲ့တယ်လို့ သူက ဆိုပါတယ်။ 

" ယနေ့ကုသိုလ်၊ မိဘခြေရာ တောင်းယူတဲ့နေ့က မိဘရော သားသမီးတွေပါ မင်္ဂလာရှိတဲ့ မွေးနေ့ မွေးရက်နှင့် မှတ်တမ်းအပ်တဲ့နေ့တွေမှာလုပ်ရင်ပိုကောင်းတယ်လို့သိရတဲ့အတွက် ဒီနေ့ မေမေ့မွေးနေ့မှာ မိဘနှစ်ပါးရဲ့ခြေရာတောင်းယူပြီး ပုံတူသွင်းဖို့ ခြေရာမိုရ်ယူခဲ့ပါတယ်" ဆိုပြီးတော့ ဇူလိုင်လ ၁၅ ရက်နေ့ ညနေပိုင်းက သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

Photo: phone Thiri Kyaw

ဘုန်းသီရိကျော် အတွက် သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း Comment ကနေတဆင့် ချီးကျူးစကားဆိုခဲ့ပါသေးတယ်။ ဘုန်းသီရိကျော်ဟာ အဆိုတော် ဇော်ပိုင်ရဲ့ "ပြည့်စုံလွန်း" ဆိုတဲ့ သီချင်း MTV လေးကနေတဆင့် အနုပညာလောက ထဲကို ဝင်ရောက်လာခဲ့သူပါ။ TV ကြော်ငြာများစွာလည်း ရိုက်ကူးထားတာ ဖြစ်ပြီး သရုပ်ဆောင်ဘက်ကိုလည်း ခြေလှမ်းစတင်‌‌နေ ပြီဖြစ်ပါတယ်။

Photo: phone Thiri Kyaw

ဘုန်းသီရိကျော်ကိုတော့ ပရိသတ်တွေက ချစ်စနိုးနဲ့ Jenny လို့လည်း ခေါ်ကြပါသေးတယ်။ အနုပညာ အလုပ်တွေကို အောင်မြင်ဖို့ ကြိုးစားနေပေမယ့် ပညာရေးမှာတော့ သူမက ဥပဒေနဲ့ ဘွဲ့ရရှိထားပြီးပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က