သားသမီးတွေကို အကောင်းဆုံးဖြစ်စေချင်တဲ့ အမေပါတဲ့။
Sabal Thwin

မိုးအောင်ရင်ဟာ အမေများနေ့မှာ သူချစ်ရတဲ့ မိခင်အတွက် ရင်ထဲကစကားတွေနဲ့ ဆုတောင်းပေးခဲ့ပါတယ်။ 

Photo: Moe Aung Yin



မိုးအောင်ရင်ကတော့ မေလ(၁၀) ရက်နေ့မှာ ကျရောက်တဲ့ အမေများနေ့မှာ ပြည်ပမှာနေထိုင်တဲ့ မိခင် အတွက် သူ့ရင်ထဲက စကားလေးတွေ ပြောပြလာပါတယ်။ သားသမီးတွေအပေါ် မေတ္တာတရားကြီးမားခဲ့တဲ့ မိခင်ဖြစ်သူရဲ့ အကြောင်းကိုလည်း အခုလို ပြောပြလာပါတယ်။ 

"Happy Mother’s Day mom... ကျွန်တော့်ဘဝမှာ ကျွန်တော်ချစ်ခဲ့ဘူးသမျှ မိန်းကလေးများထဲတွင် အကျွန်တော့် ဒဏ်ကိုကြံ့ကြံ့ခံပြီး ခုချိန်ထိ ကျွန်တော့်ကို အချစ်မလျော့ပဲ ချစ်မြဲချစ်နေသော ကျွန်တော့်အမေ။ တစ်သက်လုံးဆပ်၍ မကုန်နိုင်သော ကျေးဇူးများဖြင့် ကျွန်တော့်အမေ။ သူငတ်ရင်ငတ်ပစေ သားသမီးများကို အကောင်းဆုံးဖြစ်စေချင်ခဲ့သော ကျွန်တော့်အမေအား Facebook မှတဆင့် ဂါရဝပြုလိုက်ပါတယ်အမေ" ဆိုပြီး တော့ မေလ ၁၀ ရက်နေ့ ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Moe Aung Yin

မိုးအောင်ရင်ဟာ မိသားစုနဲ့ အတူခွဲပြီး မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေ လုပ်ကိုင်နေတာဖြစ်ပါတယ်။ မိသားစုကို ချစ်တဲ့ သူဖြစ်တာကြောင့်လည်း အတူတူနေချင်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

‘’ အဖေ နဲ့ အမေကတော့ သွားလိုက် ပြန်လိုက်ပဲ လုပ်နေရမှာပေါ့နော်။ ကျွန်တော် ထောင်ထဲမှာနေတုန်းကလည်း အဖေတို့က ၃ လလောက်လာလိုက်၊ ၃ လလောက်ပြန်လိုက်ပဲပေါ့။ အခုလည်း အဲဒီလိုပါပဲ။ အဓိက ကတော့ ညီမလေးပဲ သူက အမေရိက ကနေပြန်လာဖို့ မလွယ်ဘူး။ ဒီဇင်ဘာတော့ သူပြန်လာမယ်လို့တော့ ပြောတယ်။ အဲဒီအခါကျရင်တော့ မိသားစု အကုန်ပြန်ရမှာပေါ့နော်’’ လို့ ဆိုပါတယ်။

Photo: Moe Aung Yin

မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။




ဆက်စပ်အကြောင်းအရာများ


Author


က္က