loading...

loading...

loading...

အခုဆိုရင်တော့ အောင်မြင်တဲ့အဆိုတော် တစ်ဦးဖြစ်လို့နေပါပြီ။
Sabal Thwin

ဖြိုးမြတ်အောင်က သူ့အတွက် မိတ်ကောင်းဆွေကောင်းတွေ ရရှိလာတာက ဘဝအတွက် အလင်းရောင်တစ်ခုဖြစ်တယ်လို့ တင်စားပြောပြထားပါတယ်။ ဒီမိတ်ဆွေတွေကြောင့်ပဲ ဂီတလောကထဲကို ဝင်ရောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: Phyo Myat Aung

အဆိုတော် ဖြိုးဖြတ်အောင်က ဖေ့စ်ဘွတ်ကနေတဆင့် ညီအစ်ကိုတစ်ယောက်လို ခင်ခဲ့၊ ရင်းနှီးခဲ့ရတဲ့ သူငယ်ချင်းအကြောင်းကို ဖွင့်ဟပြောပြလာပါတယ်။ အဆိုတော် တစ်ယောက် မဖြစ်ခင်ကတည်းက အားကိုးရတဲ့ သူငယ်ချင်းကောင်းပါလို့ သူကဆိုပါတယ်။

‘’ဟိုးကျန်ခဲ့သော၂၀၁၆တုန်း က မောင်အဂ္ဂနီလေး Doron Band နဲ့ Album တစ်ချပ်ထုတ်ဖို့အတွက် အကိုတွေဆီက စကားလုံးခွန်အါးတွေကိုယူနေချိန်ပေါ့ 

ကို Nano Peace တစ်ယောက်မြန်မာပြည်ပြန်မရောက်သေးဘူး။ လိုင်းပေါ်မှာပဲ အမြဲပြောဖြစ်ဆုံဖြစ်ကြတယ်။ တွေ့ဆုံပုံတွေကလဲဆန်းကြယ်ပါတယ်။ Fb က ဘဝကြီးမဟုတ်ပေမဲ့ သုံးတတ်ရင် အလွန်အကျိုးရှိပါတယ် ဗျာ’’ ဆိုပြီးတော့ ဇွန်လ ၂၈ ရက်နေ့ ညနေ ၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Phyo Myat Aung

ဒီ သူငယ်ချင်းကနေတဆင့် ဂီတအလုပ်တွေကို အကျွမ်းတဝင် လုပ်ကိုင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူ ဆုံးမခဲ့တဲ့ စကားတွေကိုလည်း မမေ့နိုင်သေးဘူးလို့ ပြောပါတယ်။

‘’အဖေငယ်ငယ်ကပြောခဲ့ဘူးတဲ့ စကားအတိုင်း ပဲ ပိုက်ဆံရှာရင်ပိုက်ဆံရမယ်။ မိန်းမရှာရင် မိန်းမရမယ်။ အောင်မြင်မှုကိုရှာရင် အောင်မြင်မှုရမယ်။ အရာ ရာ ကိုယ့်အပေါ်မှာမူတည်ပါတယ် တဲ့။ အဲ့သလိုပဲ Fb ကို ၂၀၁၅ နှစ်ကုန်ခါနီးမှ စသုံးဘူးတယ်။

အဲ့ဒီအချိန် မှာ မိတ်ဆွေ တချို့နဲ့ သိခဲ့တယ်။ နောက်ဆုံး Ko Nano နဲ့ အရင်စသိ ခဲ့တယ် fb ကျေးဇူးကြောင့် သွေးမတော်သားမစပ်ပေမဲ့ တစ်ကယ့်ညီရင်းအကို ပမာ ခင်မင်ခဲ့ကြတယ် အပြင်မှာမဆုံဘူးပေမယ့် တစ်ဦးနဲ့တစ်ဦးယုံကြည်မှု့တွေနဲ့ ရန်ကုန် က studio လောကထဲ စတင်ဝင်ရောက်မိခဲ့တယ်’’ လို့ဆိုပါတယ်။

Photo: Phyo Myat Aung

ဖိုးမြတ်အောင်က မိတ်ကောင်း၊ ဆွေကောင်းတွေနဲ့ ပေါင်းသင်းဆက်ဆံခွင့်ရတာက သူ့အတွက် ကြီးမားတဲ့ အခွင့်အရေး တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

‘’အဲ့ဒီလိုနဲ့ Ko Nano က Ko Khup Pi နဲ့မိတ်ဆက်ပေး၊ နောက် တော့ Doron Band ထဲရောက် သီချင်းတွေဖန်တီး Album အတွက် ကြိုးစားနေရင်းက ရုန်းကန်ဖို့ အင်အားမရှိတဲ့အချိန်၊ တက်မရှိလက်နဲ့လှော်မယ်။ ငါဧရာဝတီသားပါဆိုပြီး 

ကြွေး ကြော်Myanmar Idol ဝင်ပြိုင် အဲဒီအချိန်မှာ မိသားစုအားလုံးရဲ့ နွေးထွေးသော မေတ္တာစွမ်းအားတွေ ကြောင့် မှုန်ပြပြ အလင်းရောင်လေး မြင်စပြုခဲ့တယ်။

အမေဆန္ဒလည်းဖြည့်ဆည်းနိုင်ခဲ့တယ်သို့သော် ရည်မှန်းချက်ပန်းတိုင်မရောက်သေး။  

ဆက် လက်လျှောက်လှမ်းရပေဦးမည် မောင်နီ မင်းအတွက်ရောင်နီလာတော့မှာပါကွာ။

Photo: Phyo Myat Aung

#ဟိုးတစ်ချိန်က #လက်ကောက်ကွင်းတွေနဲ့# အံကြီးကြိတ်နေသော တောဂေါ်လီ ကျော်ကြီးအါး သတိရလျှက်’’ ဆိုပြီးတော့ ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်။

အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

ဖြိုးမြတ်အောင်ကိုတော့Myanmar Idol Season 3 Winner တစ်ယောက်အဖြစ် ပရိသတ်တွေစတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဂီတခြေလှမ်းတွေကိုအသေးစိတ်မြင်တွေ့လာရတာဖြစ်ပါတယ်။ Myanmar Idol က နေရရှိလာတဲ့ ဆုငွေတွေကိုလည်းဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။


loading...

က္က