သားသားလေးကို အနီးကပ် စောင့်ရှောက်ပေးရင် သိလာရတာတွေပါ။

နန်းမြတ်ကတော့ မိခင်တစ်ယောက် ဖြစ်လာတဲ့အချိန်မှာသူခံစားရတဲ့ ခံစားချက်လေးတွေကို ရင်ဖွင့်ထားတာ ဖြစ်ပါတယ်။တစ်နေ့တစ်နေ့ ပျော်လိုက်ငိုလိုက်နဲ့ လူမှုရေးဆိုတာတောင် မရှိတော့ဘူးလို့ ဆိုပါတယ်။

 

Photo : နန်းမြတ်



သားသားလေးကို အနီးကပ် ပြုစုစောင့်ရှောက်ပေးနေတဲ့ နန်းမြတ်ကတော့ မိခင်တစ်ယောက် ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူးလို့ ဆိုပါတယ်။ အရာအားလုံးက သားသမီးတွေအတွက် ဖြစ်သွားပြီး တစ်နေ့တစ်နေ့ သူတို့လေးနဲ့ပဲ အချိန်ကုန်ဆုံးရတာ လူမှုရေးဆိုတာတောင် မရှိတော့ဘူးတဲ့။ သူငယ်ချင်းအရင်းတွေတောင် သူမကို မှတ်မိကြသေးရဲ့လား မသိဘူးလို့ ဆိုပါတယ်။

စိတ်ကူးထားတဲ့ အလုပ်တွေ တပုံတပင်ရှိနေပေမယ့်လည်း အပြင်ထွက်ဖို့တောင်မဝံ့မရဲ ဖြစ်နေရတယ်လို့ သူမက ပြောပါတယ်။

“တစ်နေ့တစ်နေ့ပျော်လိုက်ငိုလိုက်လူမှုရေးဆို တာလဲလုံးဝမရှိတော့လို့ သူငယ်ချင်းအရင်းတွေတောင်ကိုယ့်ကိုမှတ်မိကြသေးရဲ့လားမသိ ယောက်ျားခ မျာမှာလဲသနားပါတယ်။ ကိုယ့်မှာသူ့ကိုအာရုံကိုမရနိုင်တော့ဘူး။ စိတ်ကူးထားတဲ့ အလုပ်တွေဆိုတာလဲ တပုံတပင် ဒါပေမယ့်အပြင်ထွက်ဖို့တောင်မဝံ့မရဲ(အမေကိုတောင် တစ်ရက်လောက်မတွေ့ရင် မမှတ်မိချင်တဲ့သားတစ်ယောက်ပိုင်ထားလို့ပါ) တစ်ရက်လောက်အလုပ်ရှုပ်လိုက်ရင်ကို ယ့်အနားမကပ်ချင်တော့တဲ့ အခါငိုရပြီး အိပ်မရတော့ဘူး (ကိုယ်ကပဲ အရူးလိုဖြစ်နေတာ လားမသိပါဘူး) တစ်နေ့တစ်နေ့နို့ညှစ်ရတာနဲ့ လဲအလုပ် တစ်ခုလိုဖြစ်နေပြီ(တိုက်ရိုက်လဲမစို့?)ကိုယ့်အတွက်ပစ္စည်းဝယ်ဖို့ ဆိုတာလဲ မျက်စိမှိတ်တတ် လာပြီပိုက်ဆံဆိုလဲ ငမ်းငမ်းတက်ဖြစ်လာပြီ( သူ့ပညာရေးအတွက်စုချင်လို့)” ဆိုပြီး သူမရဲ့ ခံစားချက်တွေကို သြဂုတ်(၈) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားထားပါတယ်။

Photo : နန်းမြတ်

သားလေးကို စောင့်ရှောက်နေရင်းနဲ့ သူ့အတွက်ဆိုတာတောင် ဘာမှန်းမသိတော့ဘူးလို့ ဆိုပါတယ်။

“ကိုယ့်အတွက်ဆိုတာ ဘာမှန်းတောင်မသိတော့ဘူး အဲ့ဒီဘဝကိုပျော်လားဆိုပျော်တယ်။ ဒါပေမယ့်လဲစိတ်ဓာတ်ကျလားဆိုလဲကျတယ်။ ခုစာတွေရေးတယ်ဆိုတာ လဲပေါ့သွားမလားလို့ရေးတာ ဒါပေမယ့်မပေါ့ဘူး ဒီခံစားချက်တွေကို ဘယ်သူမှလဲ နားလည်မယ်မထင်ဘူး။ ခုခံစားနေရတာေ တွနောက်နှစ်မှာပြန်မြင် ရအောင်လို့တင်ထားတာနောက်နှစ်ဆိုေ နာက်ထပ်ရသတခုပေးနေမှာ” ဆိုပြီး ဆက်ပြောထားပါသေးတယ်။

သူငယ်ချင်းတွေကလည်း သူမကို ကောမန့်တွေကနေ အားပေးကား ဆိုထားကြပါတယ်။ နန်းမြတ်ကေတာ့ အဖေတူ သားလေးကို ပိုင်ဆိုင်ထားတာပါ။

Photo : နန်းမြတ်

လက်ရွိမွာလည်း သားသားနဲ့အတူတူ ကေလးပစ္စည်းကြော်ငြာတွေရိုက်ဖို့ လာကမ်းလွမ်းတာတွေ ရွိနေပြီလို့ သိရပါတယ်။

“သားသားနဲ့ ကြော်ငြာတွေရိုက်ဖို့ လာပြောနေကြပြီ။ အစပိုင်းကေတာ့ သားသားက ငယ်သေးတော့ သူတို့တွေကိုလည်း အားနာနာနဲ့ စောင့်ခိုင်းရတာ။ ရိုက်မယ့် သူတွေကလည်း စောင့်ပေးကြပါတယ်။ အခု ရက် ၁၀၀ လည်း ပြည့်ပြီဆိုတော့ ရိုက်ရင်ကောင်းမလားဆိုပြီး စဉ်းစားနေတာ” ဆိုပြီး နန်းမြတ်က ပြောပါတယ်။

Photo : Alinn Yaung

နန်းမြတ်ဖြိုးသင်းကတော့ သူမကိုသာမက သားသားကိုပါ ချစ်ပေးတဲ့ ပရိသတ်ကြီးတွေကို အရမ်းကို ကျေးဇူးတင်လို့နေပါတယ်။

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း (Nann Myat Phyo Thin) ဟာ ချစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ(၂၆) ရက်နေ့က လပ်ထပ်ခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပြီး မင်္ဂလာညစာစားပွဲကို ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇) ရက်နေ့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်စွာပြုလုပ်ခဲ့တာပါ။နန်းမြတ်ဖြိုးသင်းဟာ သားဦးလေးကို ၂၀၁၉ခုနှစ်၊ ဧပြီလ(၁၂) ရက်နေ့က ဂရန်းဟန်သာ ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

Photo : Alinn Yaung

နန်းမြတ်ဖြိုးသင်းကို တီဗီကြော်ငြာ၊ မဂ္ဂဇင်းကာဗာတွေကနေ တဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲ့ဒီနောက် ဖေ့စ်ဘွတ်ရွာ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ သရုပ်ဆောင် လောကထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ နန်းသူဇာနဲ့လည်း ‘’Friend’’ ဆိုတဲ့ တေးစီးရီးအခွေလည်း ထွက်ရှိထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က