သီချင်းနာမည်လေးက ‘ မိုးစက်များက ပြောသော’ လို့ အမည်ပေးထားပါတယ်။

ရွှေမှုံရတီကတော့ သူမကိုယ်တိုင် သီဆိုထားတဲ့ သီချင်းလေး တစ်ပုဒ်ကို ပရိသတ်နဲ့ မိတ်ဆက်ပေးတော့မယ့်အကြောင်း ပြောပြလာပါတယ်။ 

Photo: Shwe Mhone Yati



ပရိသတ်အချစ်တော် မင်းသမီးချောလေး ရွှေမှုံရတီကတော့ သီချင်းအသစ် တစ်ပုဒ် ထွက်လာဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒီသီချင်းလေးရဲ့ နာမည်ကိုတော့ “မိုးစက်များက ပြောသော” ဆိုပြီးတော့ နာမည်လေး ပေးထားတယ်လို့ သိရပါတယ်။ 

“ ဒီနှစ် မိုးတွင်းအတွက် သီတင်းကောင်းလေး တစ်ခုရှိတာ သိပြီးကြပြီလား။ မနှစ်က ဒီလိုအချိန်မှာ သီချင်းလေးတစ်ပုဒ်ကို ဆိုပြလိုက်တာ အရမ်းပေါက်သွားတယ်။ ဒီနှစ်ကတော့ သီချင်းလေးတစ်ပုဒ် official ထွက်ဖို့ရှိပါတယ်။ တစ်နှစ်ကာလ စောင့်ပြီးတဲ့အချိန်မှာတော့ သီချင်းလေးကို ထုတ်ပေးတော့မှာဖြစ်ပါတယ်။ ‘ မိုးစက်များက ပြောသော’ သီချင်းကို မှတ်မိနေကြတဲ့လူတွေလည်းရှိပါတယ်။ ဒီသီချင်းကိုတော့ မိုးရွာတဲ့နေ့မှာ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ ဘယ်နေ့လဲဆိုတာတော့ မပြောပြချင်သေးဘူး” ဆိုပြီးတော့ မေလ ၂၉ ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ် Live မှာ ပြောပြခဲ့ပါတယ်။ 

Photo: Aung Ko

သူမရဲ့ Facebook Live မှာ “မိုးစက်များက ပြောသော” သီချင်းလေးကို ၂ စက္ကန့်စာ ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါသေးတယ်။ မိုးတွင်းကာလနဲ့ အရမ်းလိုက်ဖက်တဲ့ သီချင်းလေးဖြစ်တာကြောင့် မိုးတွေရွာတဲ့ နေ့မှာမှ သီချင်းအပြည့်အစုံကို မိတ်ဆက်ပေးမယ်လို့လည်း ရွှေမှုံရတီက ပြောပါတယ်။  

“ ဒီသီချင်းကိုတော့ မိုးရွာတဲ့နေ့မှာ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ စဉ်းစားထားတာက သီချင်းထွက်မယ့်နေ့က မိုးရွာမယ့်နေ့ကို ထွက်မယ်။ Date လည်း မကြေညာရသေးပဲနဲ့လို့တော့ စဉ်းစားထားတယ်။ ဘယ်နေ့လဲ ဆိုတာတော့ မပြောပြချင်သေးဘူး” လို့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

Photo: Shwe Mhone Yati

ရွှေမှုံရတီကတော့ ရွှေထူးနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် “အမှား” ဆိုတဲ့ သီချင်းလေးကို ရွှေထူးနဲ့အတူ ပထမဆုံး သီဆိုခဲ့တာဖြစ်ပြီး Joox app မှာ နံပါတ်(၁) နေရာကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သူမတစ်ယောက်တည်း သီဆိုထားတဲ့ “ ချစ်တယ်" ဆိုတဲ့ သီချင်းလေးလည်း ထွက်ရှိခဲ့ပါသေးတယ်။ " မိုးစက်များက ပြောသော" သီချင်းလေးကိုလည်း မကြာခင် မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။ 

Photo: Amazing Grace

ရွှေမှုံရတီ ဟာ အနုပညာပျိုးခင်းကနေ စင်တင်ပေးလိုက်တဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမဟာ ထိပ်တန်းစာရင်းဝင် မင်းသမီးတစ်ဦးဖြစ်လို့နေပါပြီ။ ပရိသတ် အချစ်ကို ခိုင်ခိုင်မာမာ ရရှိထားသူဖြစ်သလို ကျရာ ဇာတ်ရုပ်မှာလည်း အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီး တစ်ယောက်ပါ။ သူမဟာ ခင်ပွန်းဖြစ်သူ အဆိုတော် ရွှေထူးနဲ့ ၂၀၁၈ ခုနှစ်က လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ဂီတဘက်ကိုပါ ခြေလှမ်းလာပြီဖြစ်တဲ့ သူမဟာ ရွှေထူးနဲ့ အတူ သီချင်းတွေ ဆိုလာတာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က