ကျောင်းပျော်လေးတွေ။
Ei Ei Myat

ခေတ်နဲ့သစ်လေးကတော့ ကျောင်းသွားရရင်ကို ပျော်နေတာပါ။ ကျောင်းပျော်လေးတွေပေ့ါ။

 

Photo : ချစ်သုဝေ

ပရိသတ်တွေရဲ့ အချစ်တော်လေး ခေတ်နဲ့သစ်က မိုးရွာနေတာတောင် ကျောင်းကို အစောကြီး ရောက်လာခဲ့ပါတယ်။ မိုးကာလေးတွေ၊ မိုးတွင်းစီး ဖိနပ်လေးတွေစီးပြီး ကျောင်းကို စောစောကြီးကြီး သွားခဲ့ကြတာပါ။ စောစောစီးစီး ကျောင်းရောက်နေတာကြောင့် မေမေချစ်သုဝေက သူမစိတ်ကြိုက် သမီးလေးတွေကို ဓာတ်ပုံတွေအများကြီး ရိုက်ခဲ့ပါသေးတယ်။

ကျောင်းမှာအစောဆုံးရောက်သွားတော့ မေမေ့အကြိုက် ဓါတ်ပုံရိုက်” ဆိုပြီး  မေလ(၂၉) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါသေးတယ်။ အဲဒီစာသားလေးနဲ့အတူ သမီးလေးရဲ့ ပုံလေးတွေကိုလည်းတင်ထားပါတယ်။

Photo : ချစ်သုဝေ

ခေတ်နဲ့သစ်လေးဟာ ကျောင်းသွားနေရရင်ကို ပျော်နေတာပါ။ အခုဆိုရင် ခေတ်နဲ့သစ်လေးဟာ (၂)နှစ်ကျော် အရွယ်ကို ရောက်ရှိနေပါတယ်။ သူတို့လေးတွေက အရွယ်နဲ့မလိုက်အောင် အသိဉာဏ်လေးတွေ ဖွံ့ဖြိုးတဲ့ ကလေးလေးတွေလည်း ဖြစ်ပါတယ်။

ခေတ်နဲ့သစ်တို့ရဲ့ လှုပ်ရှားမှုတိုင်းဟာ အရမ်းကို ချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေရဲ့ သည်းသည်းလှုပ် ချစ်ခြင်းကို ခံရတဲ့ သမီးလေး တွေဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့အရွယ်ရောက်လာတဲ့ သမီးလေးတွေကို မေမေချစ်သုဝေတစ်ယောက် ချစ်မဝဖြစ်လို့နေပါတယ်။ အနုပညာရှင်တွေ ဖြစ်ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ အနုပညာအလုပ်တွေ မအားမလပ်တဲ့ ကြားထဲက သမီးလေးတွေအတွက် အချိန်ပေးတတ်သူတွေပါ။

Photo : ချစ်သုဝေ

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။သမီးလေးတွေကို နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ အမည်ပေးထားပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ် အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က