ဆရာဂျွန်လွင်က တဆင့် ကမ်းလှမ်းလာတာပါတဲ့။

နှိုင်းယှဉ်မြင့်မိုရ်က ဆရာဂျွန်လွင်ဆီကနေတဆင့် သရုပ်ဆောင် မိုးဟေကိုရဲ့ ပိုးထည်ဆိုင်မှာ ဈေးရောင်းပေးဖို့ ကမ်းလှမ်းခံရတာကြောင့် ဝမ်းသာပီတိဖြစ်ရတယ်လို့ဆိုပါတယ်။ 

Photo: Nhyin Shin



နှိုင်းယှဉ်မြင့်မိုရ်က လက်ရှိမှာ ဖေ့စ်ဘွတ်ကနေတဆင့် Live လွှင့်ရင်း ဈေးရောင်းပေးနေတာကို တွေ့ရပါတယ်။ အခုလည်း သရုပ်ဆောင် မိုးဟေကိုရဲ့ ဇာ ဆိုင်မှာ Live လွှင့်ရင်း ဈေးရောင်းပေးဖို့ ကမ်းလှမ်းခံရတာကြောင့် ဝမ်းသာနေတယ်လို့ ဆိုပါတယ်။ 

" ဆရာ ဂျွန်လွင် ဖုန်းဆက်လာတယ်။ မမိုးဟေကိုရဲ့ဇာဆိုင်မှာ Liveလွှင့်ပေးဖို့ အရမ်းလည်းဝမ်းသာတယ်။ အရမ်းလည်းပျော်တယ်။ ဆရာနဲ့ တစ်ခါမှစကားမပြောဖူးပေမယ့် ဆရာက စကားပြောဖစ်တာနဲ့ မသိတာတွေသင်ပေးတယ်။ လမ်းညွှန်ပေးတယ်။ ဒီလ တစ်လလုံးရက်မရှိတော့ဘူး ဆရာလို့ စိတ်မရဲတရဲနဲ့ ပြောလိုက်တယ်။ ဆရာ ပထမဆုံးချိတ်တဲ့ အလုပ်ဆိုတော့ စိတ်များဆိုးသွားမလားလို့ ဆရာ က အောင်မြင်နေတာ အရမ်းဝမ်းသာတယ်တဲ့။ ကျေးဇူးပါ ဆရာနဲ့ မမိုး....သမီး အလုပ်ကို အသိအမှတ်ပြုပြီး အလုပ်ခေါ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်" ဆိုပြီးတော့ ဇူလိုင်လ ( ၆) ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Nhyin Shin

နှိုင်းယှဉ်မြင့်မိုရ်ဟာ စီးပွားရေးလုပ်ငန်းရှင်များနဲ့ အတူ Facebook Live ကနေတဆင့် လက်ဝတ်ရတနာများ၊ အလှကုန်ပစ္စည်းများ၊ အဝတ်အထည်များ နဲ့ လက်ကိုင်အိတ်လေးတွေကိုလည်း ရောင်းချပေးနေတာ တွေ့ရပါတယ်။ ဝယ်ယူအားပေးကြသူတွေ များပြားလှတာကြောင့် ရောင်းအားတွေလည်း ပိုတက်ခဲ့ရတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။ 

Photo: Nhyin Shin

သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကတော့ COVID-19 ကာလမှာ လူငယ်အကြိုက် ဒီဇိုင်းခပ်မိုက်မိုက် အဝတ်အစားတွေ၊ ဝမ်းဆက်တွေ အပြင် အိမ်ထောင်ပရိဘောဂ ပစ္စည်းတွေကို Online ကနေ ရောင်းနေတာ ဖြစ်ပါတယ်။ သူမကို ချစ်ခင်လို့ ဝယ်ယူအားပေးကြတဲ့ ပရိသတ်တွေလည်း အများကြီးပါ။ နှိုင်းယှဉ်မြင့်မိုရ်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ဇာတ်ပို့သရုပ်ဆောင် တစ်ဦးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားတော်တော်များများမှာ အမြဲပါဝင်နေကြဖြစ်တဲ့အတွက် ပရိသတ်အားပေးမှုကလည်း ပိုတိုးလာခဲ့ပါတယ်။ သူမ အခုဆိုရင်တော့ ခင်ပွန်းဖြစ်သူ ဇာတ်ပို့သရုပ်ဆောင် ကိုဘင်း နဲ့အတူ သားလေး တစ်ယောက်ပိုင်ဆိုင်ထား တာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က