ဖေဖေနဲ့ မေမေ့ကို ချစ်တဲ့အကြောင်းတွေပြောလာပါတယ်။
Sabal Thwin

တိုင်ရွန်က အလုပ်တွေ ပင်ပန်းနေပေမယ့် မိခင်ဖြစ်သူရဲ့ အပြုအမှုကြောင့် အမောပြေခဲ့ရတယ်လို့ ဆိုပါတယ်။ သူဟာ သူ့ရဲ့ ဝါသနာဖြစ်တဲ့ အနုပညာအလုပ်တွေနဲ့ မိဘနှစ်ပါးကို ဂုဏ်ယူစေချင်တဲ့သူ တစ်ယောက်ပါ။

Photo: တိုင်ရွန်

တိုင်ရွန်က အခုချိန်မှာ အနုပညာအလုပ်တွေ မပြတ်အောင် လုပ်ဆောင်နေရတဲ့သူဖြစ်ပါတယ်။ အလုပ်တွေ ပင်ပန်းတဲ့အချိန် အိမ်ပြန်ရောက်လို့ မိဘနှစ်ပါးရဲ့ ဂရုစိုက်မှုတွေ မြင်ရရင် သူ့အတွက် စိတ်ချမ်းသာစရာလေးတစ်ခု ဖြစ်သွားတယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။

‘’ကျွန်တော် အလုပ် ဘယ်လောက် ပင်ပန်းပင်ပန်း အိမ်ပြန်ဘယ်လောက်နောက်ကျကျ တံခါးထဖွင့်ပေးတဲ့ အဖေရယ်မအိပ်ဘဲ စောင့်နေတတ်တဲ့ အမေရဲ့ နယ်ကျွေးတဲ့ညစာ က ကျွန်တော်ပင်ပန်းတာတွေ အားလုံးပျောက်သွားတယ် ဒီလိုမိဘမျိုးရထားတဲ့အတွက် ကျွန်တော် ချမ်းသာအောင် သူတို့မထားနိုင်လည်း ဂုဏ်ယူတယ် ကျွန်တော် ချစ်တယ် အမေ နဲ့ အဖေ’’ ဆိုပြီးတော့ မေလ ၃၁ ရက်နေ့ မနက် ၁ နာရီ ၅၉ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: တိုင်ရွန်

 တိုင်ရွန်ဟာ အနုပညာအလုပ်အပေါ် ရူးသွပ်တဲ့အတွက် အောင်မြင်မှုတစ်ခုရအောင် ကြိုးစားနေသူဖြစ်ပါတယ်။ သူ့အနေနဲ့ ဝါသနာပါတဲ့ အလုပ် လုပ်နေရတဲ့အတွက် ဒီအလုပ်နဲ့ပဲ သူ့ရဲ့ မိဘတွေကို ဂုဏ်ယူစေချင်ခဲ့တယ်ဆိုတာကို Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

''သူတို့ကို တီဗီပေါ်မှာ မြင်လို့ရတဲ့ မင်းသားတစ်ယောက်၊ အနုပညာရှင်တစ်ယောက်လို့ ဂုဏ်ယူစေချင်ခဲ့တာလေ။ သူတို့ ကိုယ်တိုင်လည်း ပြန်ကြားနေရတယ် ဆိုတဲ့ အခါကျတော့ ကျွန်တော်ကိုယ်တိုင်လည်း အနေအထိုင်မတတ်တာလည်း ပါ ပါလိမ့်မယ်။ ဒီကိစ္စကို မဖြေရှင်းတော့ပါဘူး။ ဖြေရှင်းလေ ပိုရှုပ်လေပဲ ဖြစ်တော့မယ် ဆိုတော့ ကျွန်တော့်အကြောင်းကို ကျွန်တော့် နောက်ကွယ်မှာပဲ ပြောပါစေ'' လို့ ဆိုပါတယ်။

ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

Photo: တိုင်ရွန်

မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာ တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က