အလှူအတန်းဆိုရင် လက်မနှေးသူပါ။
Sabal Thwin

ခန့်စည်သူက သူ့ရဲ့ မိဘ နှစ်ပါးနဲ့အတူ လေးကျွန်းစင်္ကြာထိုင်တော်မူ ဖိုက်ပါ ဘုရားတစ်ဆူကို စစ်ကိုင်းတိုင်းမှာရှိတဲ့ မဟာဗောဓိတထောင်ကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့သူ တစ်ယောက်ပါ။

Photo: Khant Si Thu

သရုပ်ဆောင် ခန့်စည်သူဟာ မိဘနှစ်ပါးနဲ့အတူ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းက မဟာဗောဓိတထောင်ကျောင်းတိုက်ကို ဉာဏ်တော် ၂၃၄ ပေရှိတဲ့ လေးကျွန်းစင်္ကြာထိုင်တော်မူ ဖိုက်ပါ ဘုရားတစ်ဆူ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

‘’ယနေ့အလှူ သွားရောက်လှူဒါန်းပေးပါသော ကိုအောင်ညိုဦးနှင့်မမာ (ချင်းတွင်းဘုရင်မဟိုတယ်၊မုံရွာ)တို့ကို ကျေးဇူးတင်ရှိပါကြောင်း။(၇)ရက်သား၊သမီးများအားလုံး ကောင်းမှုကုသိုလ်များ ထပ်တူရရှိနိုင်ကြပါစေ’’ လို့ မေလ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Khant Si Thu

ခန့်စည်သူက လက်ရှိမှာ တစ်ကိုယ်တည်း လူပျိုကြီး ဘဝကို ခံယူထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ နှလုံးသားရေးရာ ထက် အလှူအတန်းတွေကို ပိုပြီးတော့ ဆောင်ရွက်နေသူ တစ်ယောက်ပါ။ ဒါကြောင့် ခန့်စည်သူကိုယ်တိုင် ဦးဆောင်တဲ့ မေတ္တာသင်္ဂဟ အဖွဲ့ဟာ မကြာခဏဆိုသလို အလှူအတန်းတွေ လုပ်ဖြစ်ခဲ့ကြတာကို တွေ့ရပါတယ်။


Photo: Khant Si Thu

ခန့်စည်သူဟာ သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်တုန်းက ‘’အများနှင့် မသက်ဆိုင်သောသူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသူဖြစ်ပါတယ်။


က္က