Ivy လေး အရမ်းဖျားနေပါတယ်။

အေသင်ချိုဆွေက Ivy လေးရဲ့ ဖျားနာမှုကို မိခင်တစ်ယောက်အနေနဲ့ မျှဝေခံစားလိုက်ချင်တယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။ သူမဟာ သမီးလေး Ivy ကို Single Mother တစ်ယောက်အဖြစ်ရပ်တည်ပြီး စောင့်ရှောက်နေသူပါ။

Photo: အေသင်ချိုဆွေ

အေသင်ချိုဆွေက နေမကောင်းဖြစ်နေတဲ့ သမီးလေး Ivy အတွက် စိုးရိမ်ပူပန်လို့နေပါတယ်။ မိခင်တစ်ယောက် ဖြစ်တာကြောင့် သမီးလေးရဲ့ ဝေဒနာတွေကို သူပဲ ခံစားချင်တယ်လို့ ရင်ဖွင့်ပြောပြထားပါတယ်။

‘’ ကိုယ်ပူဘယ်လောက်ပြင်းလဲမပြင်းလဲဆို ပါးနှစ်ဖက်စလုံး နီရဲနေတာပဲ။ သူ့အစားကိုယ်ပဲဖြစ်လိုက်ချင်တယ်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လည် ၁ နာရီ မိနစ် ၅၀ က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် နေမကောင်းဖြစ်နေတဲ့ Ivy လေးအတွက် ပရိသတ်တွေကလည်း အမြန်နေကောင်းစေချင်တဲ့အကြောင်း Comment တွေမှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo: အေသင်ချိုဆွေ

အေသင်ချိုဆွေက အခုချိန်မှာ ချစ်ရတဲ့သမီးလေး Ivy နဲ့အတူ Single Mother တစ်ယောက်အနေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ Ivy လေးက အခုဆိုရင် အသက် နှစ်နှစ်နီးပါးရှိနေပါပြီ။ လည်လွန်းတတ်လွန်းတဲ့ ကလေးလေး ဖြစ်တာကြောင့်လည်း ပရိသတ်တွေက အချစ်ပိုလို့နေပါတယ်။

Photo: အေသင်ချိုဆွေ

အေသင်ချိုဆွေကို ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။

Photo: အေသင်ချိုဆွေ

အေသင်ချိုဆွေက ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲ ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ချိုဆွေက ၂၀၁၈ ခုနှစ်ဇူလိုင်လ ၁၀ ရက်နေ့မှာ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။ လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီးလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ သီချင်းအသစ်တွေ လုပ်နေတာကို တွေ့ရပါတယ်။



က္က