အလှူအတန်းတွေလည်း လုပ်ပေးမယ်လို့ဆိုပါတယ်။

စမိုင်းလ်ကတော့ သမီးငယ်လေး Chloe (ခ) ဆုရတီရဲ့ ဘဝမှာ ကောင်းတဲ့ အရာတွေ ကြုံတွေ့စေချင်တယ်လို့ ဆိုပါတယ်။ 

Photo: Smile



သရုပ်ဆောင် စမိုင်းလ်ကတော့ ဒီနေ့(ဇွန်လ ၁၂ ရက်) မှာ ကျရောက်တဲ့ သူ့ရဲ့ သမီးငယ်လေး Chloe (ခ) ဆုရတီ အတွက် မွေးနေ့ ဆုတောင်းစကားတွေ ပြောထားပါတယ်။ သမီးငယ်လေးအတွက် ခွေးလေးတစ်ကောင် လက်ဆောင်ပေးထားတာကိုလည်း တွေ့ရပါတယ်။ 

" Happy 12th Birthday Chloe မေမေ့သမီးလေး ၁၂နှစ်ပြည့်ပြီ။ တိရစ္ဆာန်လေးတွေချစ်တတ်တဲ့မေ့သမီးလေး သမီးလေးရဲ့ခွေးလေးရောက်တော့မယ်နော်။ လိမ္မာသိတတ်တဲ့သမီးလေး ဘဝတစ်လျှောက်လုံးကံကောင်းပျော်ရွှင်နိုင်ပါစေ။ လူဆိုးများဘေးကဝေးပြီးကိုယ့်အပေါ်ကောင်းတဲ့သူများနဲ့သာဆုံတွေ့ရပါစေ" ဆိုပြီးတော့ ဇွန်လ ၁၇ ရက်နေ့ မနက် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

Photo: Smile

စမိုင်းလ်ဟာ အသက် ၁၂ နှစ်ပြည့်ပြီဖြစ်တဲ့ သမီးငယ်လေးရဲ့ မွေးနေ့ အလှူကို ဒီ နေ့ (ဇွန်လ ၁၇ ရက်) နေ့လယ်ပိုင်းမှာ ခိုင်နှင်းဝေ မိဘမဲ့ဂေဟာရှိ ကလေးငယ်တွေအတွက် အလှူအတန်းလုပ်သွားမယ်လို့ သိရပါတယ်။ သူမဟာ အလှူအတန်း နဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ယောက်ဖြစ်ပါတယ်။ Covid ကာလမှာလည်း ဆေးပစ္စည်းတွေ လှူဒါန်းနေတာဖြစ်သလို မေလ (၈) ရက်နေ့တုန်းကလည်း ဝေဘာဂီဆေးရုံကြီးမှာ အသက်ရှုစက် တစ်လုံး လှူခဲ့တာ တွေ့ရပါတယ်။ 

Photo: Smile

သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထားသလိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေရှိလာနိုင်အောင်လည်း ခင်ပွန်းဖြစ်သူက အလုပ်ကြိုးစားသလို သူကိုယ်တိုင်ကလည်း အိမ်ထောင်မှုကိုထိန်းသိမ်း ရ တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ဖူးပါတယ်။ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ အဘွားဖြစ်သူ ဝါရင့်သရုပ်ဆောင်ကြီး ဒေါ်ခင်လေးဆွေရယ်၊ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က