မိသားစုအတွက် အရမ်းလိမ္မာတဲ့ သမီးလေးပါတဲ့။
Sabal Thwin

ခင်ဇာခြည်ကျော်က ဒီနေ့ဇွန်လ(၂၅) ရက်မှာ ကျရောက်တဲ့ သမီးငယ်လေး ထင်သစ္စာအတွက် မွေးနေ့ ဆုတောင်းစကားတွေကို အခုလို ပြောပြထားပါတယ်။ 

Photo: Khin Zar Chi Kyaw

ခင်ဇာခြည်ကျော်ကတော့ သမီးငယ်လေး ထင်သစ္စာအတွက် မွေးနေ့ ဆုတောင်းစကားတွေ ပြောလာပါတယ်။ ဒီနေ့ ဇွန်လ(၂၅) ရက်နေ့မှာတော့ ထင်သစ္စာဟာ အသက်(၁၆) နှစ်ပြည့်သွားပြီလို့ သိရပါတယ်။ 

"Happy Birthday ပါ မေမေ့ အသဲလေး ရေ။ သမီးလေး ရဲ့ (၁၆) နှစ်ပြည့် မွေးနေ့မှစ၍ စိတ်ချမ်းသာကိုယ်ကျန်းမာပြီး မိဘကျေးဇူးသိတတ်တဲ့ သမီး ကောင်းရတနာလေးဖြစ်ပါစေ။ 

ပညာတတ်ကြီး လည်းဖြစ်ပါစေ။ မိသားစု အတွက်အရမ်းလိမ်မာတဲ့ သမီးဖြစ်လို့ ကျေးဇူးတင်ပါတယ်။ သဲလေးရေ" ဆိုပြီးတော့ ဇွန်လ ၂၅ ရက်နေ့ မနက်အစောကြီးကတည်းက သူမရဲ့ ဖေ့စ်ဘွတ်ကနေ ဆုတောင်းစကားဆိုခဲ့တာဖြစ်ပါတယ်။ 

Photo: Khin Zar Chi Kyaw

ထင်သစ္စာဟာ သရုပ်ဆောင် ခင်ဇာခြည်ကျော် ရဲ့ သမီးအငယ်ဆုံး၊ သရုပ်ဆောင် ဘုန်းမင်းနေလရဲ့ တစ်ဦးတည်းသော ညီမလေးဖြစ်ပါတယ်။ သူမက အခုဆိုရင် မိခင်ဖြစ်သူ၊ အစ်ကို တို့နဲ့ အတူတူ အနုပညာအလုပ်တွေ လုပ်နေရပါပြီ။ ဒါပေမယ့် သူမကိုတော့ မိခင်ဖြစ်တဲ့ ခင်ဇာခြည်ကျော်က အနုပညာအလုပ်ထက် ပညာရေးကို ပိုဦးစားပေးစေချင်တယ်လို့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ထင်သစ္စာကို ချစ်ခင် အားပေးကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။ 

Photo: Aroma

သရုပ်ဆောင်ခင်ဇာခြည်ကျော်(Khin Zar Chi Kyaw)မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။သူမရဲ့ အနုပညာသက်တမ်းဟာ နှစ်ပေါင်း (၃၀)ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ ၂၀၀၂ ခုနှစ်တုန်းက "ငါ သူတစ်ပါး ယောင်္ကျား၊ မိန်းမ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ယောက်ပါ။ အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေတုန်း ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က