ခေးလေးကို လွမ်းနေတာ။

ပရိသတ်တွေအားလုံး ခေးလေးလို့ ချစ်စနိုးခေါ်ခြင်းခံရတဲ့ ယွန်းဝတီလွင်မိုးကတော့ ဇွန်လထဲမှာ မြန်မာနိုင်ငံကို ခဏပြန်လာမယ်လို့ သိရပါတယ်။ ပြန်လာချင်းလွန်းလို့ အချိန်တွေ မစောင့်နိုင်တော့ဘူးတဲ့။

 

Photo : yun IG



ခင်ပွန်းနဲ့အတူ သြစတြေးလျနိုင်ငံမှာ ပညာသင်ယူနေတဲ့ Liam လေးရဲ့ မေမေ ယွန်းဝတီလွင်မိုးကတော့ မြန်မာနိုင်ငံကို ဇွန်လ(၂၀) ရက်နေ့မှာ ပြန်လာတော့မယ်လို့ ဆိုပါတယ်။ သူ့ရဲ့ My Day မှာ ပရိသတ်တွေမေးတဲ့ မေးခွန်းလေးကို ပြန်ဖြေထားရင်း ပြောပြထားတာပါ။ ဇွန်လ(၄) ရက်နေ့က သူမရဲ့ My Day မှာ ပရိသတ်တစ်ဦးက မြန်မာနိုင်ငံကို ဘယ်အချိန်ပြန်လာမလဲလို့ မေးခဲ့တာပါ။



Photo : yun IG

ယွန်းဝတီလွင်မိုးကတော့” June20 can’t Wait” ဆိုပြီး ပြန်ဖြေထားပါသေးတယ်။ သားလေးနဲ့ တွေ့ရတော့မှာမို့ သူမလည်း ပျော်နေမှာပါ။ ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam လေးက အခုဆိုရင် (၉)လသားအရွယ်လေးကို ရောက်နေပါပြီ။ ယွန်းဝတီလွင်မိုးဟာ သားလေး Liam ကို မြန်မာနာမည် အနေနဲ့ လွင်ထက် လို့ နာမည်ပေးထားပါတယ်။ မေမေယွန်းဝတီလွင်မိုးကို ချစ်တဲ့ ပရိသတ်တွေက သားလေး Liam ကိုလည်း အချစ်တွေ အများကြီး ပေးထားတာ တွေ့ရပါတယ်။

Photo : yun IG

ယွန်းဝတီလွင်မိုးက လက်ရှိမှာ ခင်ပွန်းနဲ့အတူ သြစတြေးလျမှာ ပညာသင်ယူနေတာ ဖြစ်ပြီး သားလေးကို မိခင်တို့နဲ့အတူ မြန်မာနိုင်ငံမှာ ထားခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်ခဲ့တဲ့ သရုပ်ဆောင်ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က