စီးပွားရေးတွေ သောင်းကျန်းနေပြီ။

အဆိုတော် စန္ဒီမြင့်လွင်က မကြာခင်မှာ ဖွင့်တော့မယ့် BART Bar အတွက် ကိုယ်တိုင်ကိုယ်ကျ လိုက်လံ ပြင်ဆင်နေတာပါ။ ကိုယ်ဝန်လေးနဲ့ ဆိုင်မှာ လိုအပ်တာတွေ လိုက်လုပ်ပေးနေတဲ့ သူ့ကို ကြည့်ပြီး ပရိသတ်တွေ အသည်းယာနေကြပါတယ်။

Photo : စန္ဒီမြင့်လွင်

စန္ဒီမြင့်လွင်တို့ ဇနီးမောင်နံှက BART Bar ဆိုတဲ့ ဆိုင်လေး ဖွင့်ဖို့အတွက် ပြင်ဆင်နေတာပါ။ အဲဒီဆိုင်ကိုလည်း မကြာခင် ဖွင့်နိုင်အောင် ကြိုးစားနေတာ တွေ့ရပါတယ်။ စန္ဒီမြင့်လွင်က ဆိုင်အတွက် ကိုယ်တိုင်ကိုယ်ကျ သေချာပြင်ဆင် ကြီးကြပ်နေပြီး ဆိုုင်ဖွင့်ရင်လည်း အားလုံးလာခဲ့ဖို့ ဖိတ်ခေါ်ထားပါသေးတယ်။

“မကြာခင်ဖွင့်တော့မည့် ဒီဒီတို့ရဲ့BART Bar မှာ လာရောက်စီစဉ်ညွှန်ကြားနေတာပေါ့နော် မကြာခင်ရက်ပိုင်း ကုန်သည်လမ်းနဲ့၃၉လမ်းထိပ်မှာဖွင့်တော့မှာမို့ဖွင့်ရင် ချစ်သူတွေအားလုံး လာခဲ့ကြပါရှင့်” ဆိုပြီး ဧပြီ(၁၈) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : စန္ဒီမြင့်လွင်

ဆိုင်တောင် မဖွင့်ရသေးဘူး သူမရဲ့ ဆိုင်ကို လာအားပေးမယ့် သူတွေက အများကြီးရှိလို့နေပါပြီ။ ပိုပို၊ သွန်းဆက်၊ နွေးနွေးချစ်ဖွယ်တို့နဲ့ သူမရဲ့ ပရိသတ်တွေက ဆိုင်ဖွင့်တာနဲ့ လာအားပေးမယ်ဆိုပြီး သူမတင်ထားတဲ့ ပို့စ်အောက်မှာ မှတ်ချက်တွေရေးပြီး ပြောထားကြပါတယ်။ စန္ဒီမြင့်လွင်က လက်ရှိမှာ ကိုယ်ဝန်လ(၆)လထဲမှာ ရောက်နေပြီဖြစ်တာကြောင့် သီချင်းတွေ သိပ်မဆိုဖြစ်တော့ဘူးလို့ ဆိုပါတယ်။

Photo : စန္ဒီမြင့်လွင်

သမီးလေးကိုယ်ဝန်လွယ်ထား ရတဲ့အတွက်လည်း စန္ဒီမြင့်လွင်တစ်ယောက် အရမ်းပျော်လို့နေပါတယ်။စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး စန္ဒီမြင့်လွင်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဆေးရောင်လှလှခြယ်ရအောင် ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။

နောက်ထပ်လည်း Queen ၊ ကလီယိုပါထရာ ၊ Papi ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ စန္ဒီမြင့်လွင်ကတော့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့က မင်္ဂလာလက်မှတ် ရေးထိုးခဲ့တာဖြစ်ပြီး မတ်လ ၁၁ ရက်နေ့မှာတော့ မင်္ဂလာဧည့်ခံပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အိမ်ထောင်ပြုပြီး နောက်မှာလည်း ဂီတအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ 



က္က