အားပေးဖို့ အသင့်ပဲလား။

နေတိုးပါဝင်သရုပ်ဆောင်ထားတဲ့ ‘’နိုင်ငံကြီးသား’’ရုပ်ရှင်ဇာတ်ကားနဲ့ ‘’အထက်တန်းစား’’ရုပ်ရှင်ဇာတ်ကားတို့ဟာ သြဂုတ်လအတွင်းမှာရုံတင်ပြသတော့မှာပါ။ ဒီဇာတ်ကားတွေ ရုံမတင်ခင် နေတိုးက ပရိသတ်ကို ကြိုတင် အမှာစကားပြောခဲ့ပါတယ်။

Photo: Nay Toe



နေတိုးဟာ နိုင်ငံကြီးသားရုပ်ရှင်ကားကြီးနဲ့ အထက်တန်းစားဆိုတဲ့ ရုပ်ရှင်ဇာတ်ကား မကြည့်ခင်မှာ ပရိသတ်တွေ သိရအောင်လို့ ကြိုတင်အမှာစကားပါးလိုက်ပါပြီ။

‘’တစ်ခုတော့ကြိုမှာထားပါရစေ။ နိုင်ငံကြီးသားပီသချင်ရင်တော့ အထက်တန်းကျတဲ့ အထက်တန်းစား စိတ်ဓာတ်မျိုးမွေးဖို့ မမေ့ပါနဲ့....နေတိုး’’ ဆိုပြီးတော့ ဇူလိုင်လ ၃၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာရေးသားခဲ့ပါတယ်။ မကြာခင်မှာတော့ နေတိုး ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ ‘’နိုင်ငံကြီးသား’’ရုပ်ရှင်ဇာတ်ကားနဲ့ ‘’အထက်တန်းစား’’ရုပ်ရှင်ဇာတ်ကားကြီး တို့ဟာ သြဂုတ်လအတွင်းမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Photo: Nay Toe

နေတိုးပါဝင်သရုပ်ဆောင်ထားတဲ့ ‘’နိုင်ငံကြီးသား’’ရုပ်ရှင်ဇာတ်ကားကိုတော့ သြဂုတ်လ ၈ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ နေတိုးက ဒုရဲမှူးရဲသီဟ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ‘’နိုင်ငံကြီးသား’’ ဆိုတဲ့ နာမည်အတိုင်းပဲ အက်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်လာမှာပါ။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ရိုက်ကူးပုံဖော်တာဖြစ်ပါတယ်။

Photo: Nay Toe

နောက်ထပ်လည်း အထက်တန်းစားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ ၂၂ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ နေတိုးရဲ့ ကာရိုက်တာက ကန္နားစီး နတ်ဆရာတစ်ယောက် ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ  ကန္နားစီး နတ်ဆရာတစ်ယောက်ရဲ့ ဘဝအခက်အခဲတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဆိုရင်လည်း မမှားပါဘူး။ ‘’အထက်တန်းစား’’ ရုပ်ရှင်ကားကြီးကို ဒါရိုက်တာနေပိုင်က ရိုက်ကူးပုံဖော်ထားတာပါ။

Photo: Nay Toe

နေတိုး(Nay Toe)က ၂၀၀၁ ခုနှစ်မှစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ တာဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၈၁ ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ မွေးဖွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK Modeling Agency မှာ သင်တန်းတက်ရောက်ခဲ့ကာ အဆိုပိုင်းနဲ့ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့ပါတယ်။

အဲဒီနောက် အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသားတစ်လက် ဖြစ်ပါတယ်။ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာ ရုပ်ရှင်ပွဲတော် က ချီးမြငိ့တဲ့ The Best Actor ဆုကို မဟူရာ ရုပ်ရှင်ရုံ ရုပ်ရှင်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က