လက်ခံထားတဲ့အလုပ်တွေ မလုပ်နိုင်သေးဘူးတဲ့။

သင်ဇာဝင့်ကျော်က မျက်ကြည်လွှာရောင်နေတဲ့အတွက် လက်ခံထားတဲ့ အလုပ်တွေ မလုပ်နိုင်သေးတဲ့အကြောင်းပြောပြလာပါတယ်။ လက်ရှိကျန်းမာရေးအခြေအနေကိုလည်း ရင်ဖွင့်လာပါသေးတယ်။

Photo: Thinzar Wint Kyaw



သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် အလုပ်တွေပျက်မှာကို စိုးရိမ်လို့နေပါတယ်။ လက်ရှိမှာတော့ မျက်ကြည်လွှာရောင်နေတာကြောင့် အပြင်သွားဖို့အခက်အခဲဖြစ်နေတယ်လို့ စိတ်မကောင်းစွာ ပြောပြလာပါတယ်။

“မနေ့ကနဲ့ဒီနေ့မျက်လုံးအခြေအနေပါ။ မနက်ဖြန် Fan Meeting ကိုမလာနိုင်တော့ တဲ့အတွက်အားလုံးကိုတောင်းပန်ပါတယ်။ အားလုံးနဲ့အရမ်းတွေ့ချင်နေခဲ့တာပါ” ဆိုပြီးတော့ နိုဝင်ဘာလ ၂၂ ရက်နေ့ည ၁၀ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်မှာ ပြုလုပ်ခဲ့တဲ့ “သန်းခေါင်ယံ” ရုပ်ရှင်ကားကြီးထဲက အနုပညာရှင်တွေနဲ့ ပရိသတ်တွေရဲ့ တွေ့ဆုံပွဲကိုလည်း မတက်ရောက်နိုင်ခဲ့ပါဘူး။ သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကတော့ မျက်လုံးပြန်ကောင်းဖို့အတွက် ဆုတောင်းပေးနေကြတယ်လို့ Comment မှာ ရေးသားခဲ့ပါတယ်။

Photo: Thinzar Wint Kyaw

မကြာသေးခင်ကလည်း သင်ဇာဝင့်ကျော်ဟာ ငွေဆောင်ကို အပန်းဖြေခရီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ သူမက ဟာ “The Travellers” ဆိုတဲ့ TV Program အတွက် ဥရောပ နိုင်ငံတွေကို သရုပ်ဆောင် တိုင်ရွန်နဲ့အတူ ခရီးထွက်ရဦးမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ကတော့ သူမအတွက် ပထမဆုံး ဥရောပနိုင်ငံကို သွားရောက်လည်ပတ်ရမှာ ဖြစ်ပါတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ ဥရောပနိုင်ငံတွေထဲကမှ Turkey ၊ Georgia ၊ Armenia ၊ Azerbaijan စတဲ့ နေရာတွေကို သွားရောက်လည်ပတ်မယ်လို့ သိရပါတယ်။

Photo: Thinzar Wint Kyaw

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေက စတင်သိရှိ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က