ခင်ပွန်းဆီကလည်း မွေးနေ့ လက်ဆောင်လေး ရခဲ့ပါသေးတယ်။

ချစ်သုဝေဟာ ဒီနှစ်မွေးနေ့မှာ သူမအတွက် စိတ်ပင်ပန်း၊ လူပင်ပန်းခဲ့ရပေမယ့် မိသားစုတွေ၊ သူငယ်ချင်းတွေကြောင့် ပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

Photo: Chit Thu Wai



ချစ်သုဝေကတော့ သူမရဲ့ မွေးနေ့လေးကို မိသားစုတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခွင့်ရခဲ့လို့ ဝမ်းသာမဆုံး ဖြစ်လို့နေပါတယ်။ ခင်ပွန်းဖြစ်သူ အဆိုတော် လင်းလင်းနဲ့ သူငယ်ချင်းများရဲ့ Birthday Surprise ကြောင့်လည်း အရမ်းပျော်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။ 

"ဒီနှစ်မွေးနေ့လေးကမှတ်မှတ်ရရပါပဲ။ ဒီနှစ်ဟာစိတ်ပင်ပန်း လူပင်ပန်းအဖြစ်ရဆုံးနှစ်။ အတွေ့အကြုံသစ်တွေ ကို ရင့်ကျက်မှုပေါင်းများစွာနဲ့ဖြတ်သန်းရတဲ့နှစ်။ ဒါကြောင့်ထင်ပါရဲ့...အရင်းနှီးဆုံးအနားကသူတွေဟာ tre lay ကိုပျော်အောင်လုပ်ပေးကြလေရဲ့။ ကြိတ်စီစဉ်ကြတာများဗျာ။ လူက ဘာဖြစ်သွားမှန်းတောင်မသိဘူးရယ်။ အေးနော် ငယ်ငယ် က မွေးနေ့ဆို မျှော်တတ်တဲ့အကျင့်လေးတွေပျောက်နေကာမှ အဲ့လိုတွေ surpriseတွေလုပ်ကြတယ်နော်...ပိုးလေးတွေပြန်ကြွလာမယ်..ဒီက လူကြီးစိတ်သွင်းပြီး အေးအေးလူလူလေးဖြတ်သန်းမယ်တွေးထားတာ" ဆိုပြီးတော့ သြဂုတ်လ ၁၀ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မိသားစုဝင်တွေနဲ့ အတူတူ မွေးနေ့ညလေးမှာ ပျော်ခဲ့ရတဲ့ အမှတ်တရဗီဒီယို ဖိုင်လေးကိုတင်ရင်း ရေးသားခဲ့ပါတယ်။ 

Photo: Chit Thu Wai

အဆိုတော် လင်းလင်းကလည်း ချစ်ဇနီးချောလေး ချစ်သုဝေကို ပုလဲ လက်ဝတ်ရတနာလေးတွေကို မွေးနေ့ လက်ဆောင် ပေးခဲ့တယ်ဆိုတာကို အမှတ်တရ ဗီဒီယို ဖိုင်လေးထဲမှာ တွေ့ခဲ့ရပါတယ်။ ချစ်သုဝေဟာ မွေးနေ့ အကြိုအလှူအဖြစ် နေရာ(၃) နေရာမှာ အလှူအတန်းတွေ ပြုလုပ်ခဲ့တာပါ။ ပဲခူးရိုးမ၊ကျောက်တံခါးမြို့နယ်ရှိ ကုန်းမြင့်သာကျေးရွာ(၁၂မိုင်) က ကိုယ်ထူကိုယ်ထမူလတန်းကျောင်းလေးမှာရှိတဲ့ "စာကြည့်တိုက်" ဆောက်လုပ် လှူဒါန်းဖို့အတွက် အလှူငွေများ၊ ကမ်းဇေယျာ ပရဟိတ သီလရှင် စာသင်တိုက်မှ သီလရှင်လေးများ နဲ့ St. Mary( ကျောက်တန်း ) ကလေးငယ်လေးတွေအတွက် လိုအပ်တာတွေကိုလည်း သွားရောက် လှူဒါန်းခဲ့ပါတယ်။ သူမရဲ့ မွေးနေ့ အလှူတွေမှာလည်း ခင်ပွန်းဖြစ်သူ အဆိုတော် လင်းလင်းက ပါရမီဖြည့်ပေးခဲ့တာ ဖြစ်ပြီး အနုပညာရှင် မောင်နှမများနဲ့ ပရိသတ်တွေကလည်း သာဓု (၃) ကြိမ် ခေါ်ဆိုခဲ့ကြပါသေးတယ်။ 

Photo: Chit Thu Wai

ချစ်သူဝေဟာ ခေတ်သစ်ဖောင်ဒေးရှင်းနဲ့ ကိုဗစ်ကာလမှ အလှူအတန်းတွေ အဆက်မပြတ်ဆောင်ရွက်နေတာတွေ့ရပါတယ်။ COVID-19 ကာကွယ်ရေး ဆေးပစ္စည်းတွေ လိုအပ်မှုရှိနေတဲ့ ဆေးရုံကြီးတွေ၊ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရတဲ့ နေရာ ဒေသတွေကို ကိုယ်တိုင်သွားရောက်ပြီး အလှူအတန်းတွေ လုပ်နေတာကိုလည်း တွေ့ရပါတယ်။ 

ချစ်သုဝေဟာ ခင်ပွန်းဖြစ်သူ လင်းလင်းနဲ့အတူ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို ပိုင်ဆိုင်ထားသူတွေပါ။ သမီးလေး နှစ်ယောက်နာမည်နဲ့ " ခေတ်သစ်ဖောင်ဒေးရှင်း" ကိုလည်း ထူထောင်ထားကာ မွေးရာပါ နှလုံးရောဂါပါရှိတဲ့ ကလေးငယ်တွေကို အဓိကထား ခွဲစိတ်ကုသစာရိတ်ထောက်ပံ့ပေးနေသလို ကလေးတွေရဲ့ ပညာရေးအတွက်ပါ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က