Myanmar Media 7 နဲ့ ရိုက်ကူးမှာတဲ့။

စိုင်းစိုင်းခမ်းလှိုင်ဟာ Myanmar Media 7 နဲ့ လက်တွဲပြီး ပရိသတ်တွေအတွက် ရသအသစ်တွေ ပေးစွမ်းဖို့ ပြင်ဆင်နေပါတယ်.မင်းသမီး(၁၂)ယောက်နဲ့ စိုင်းစိုင်းနဲ့ ရိုက်မယ့် ဇာတ်ကား ဘယ်လိုဖြစ်နေမလဲ ဆိုပြီး ပရိသတ်တွေ ရင်ခုန်လို့နေပါတယ်.

စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်တွေနောက်ထပ် ရသအသစ်တွေ ပေးစွမ်းဖို့ ပြင်ဆင်နေပါတယ်။ Myanmar Media 7 နဲ့ ဇာတ်လမ်းတစ်ခါမှ မရိုက်ဘူးသေးတဲ့ စိုင်းစိုင်းဟာ အခု Media 7 နဲ့အတူ ဇာတ်ကားရိုက်ကူးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။



စိုင်းစိုင်းနဲ့ ရိုက်မယ့် ဇာတ်ကားမှာ မင်းသမီး (၁၂)ယောက်နဲ့ စီစဉ်နေတယ်ဆိုတဲ့ အကြောင်းကိုလည်း Media 7 က ထုတ်လုပ်သူ ကိုဝေမင်းမောင်ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာတွေ့ရပါတယ်။

ဪ ..... စိုင်းစိုင်းခမ်းလှိုင် နှင့် Myanmar Media 7 ပေါင်းပြီး ဇာတ်လမ်းတခါမှ မရိုက်ဖြစ်ဘူး .... အခုရိုက်ဖို့စီစဉ်တော့လည်း မင်းသမီးက ၁၂ ယောက်ကြီးများတောင် ??? ကိုစိုင်း နဲ့ ရွှေမန်း နှစ်ယောက်ပေါင်းဇာတ်တောင်းပြီဆို အဲလိုဇာတ်ပေးမယ်လို့များ ကြံထားရလေသရော့လားဗျာ ????မိုးနီ လွင် / Thar Nyi ........ ဒီလူအဖွဲ့နဲ့တော့ ကောင်းမယ်လို့တော့ ယုံတယ် .... မြန်မြန်တော့ အကောင်အထည်ဖော်နိုင်ကောင်းပါရဲ့” ဆိုပြီးရေးသားထားတာပါ။

ပရိသတ်တွေကလည်း အဲ့ဒီဇာတ်ကားက ဘယ်လိုဖြစ်မလဲဆိုတာတွေးပြီး ရင်ခုန်နေကြပါတယ်။ စိုင်းစိုင်းဟာ လက်ရှိမှာ ဖျော်ဖြေပွဲတွေမှာ ပါဝင်ဖျော်ဖြေလျက်ရှိပါတယ်။ ဒီဇင်ဘာ(၂၁) ရက်နေ့မှာလည်း ဖွေးဖွေးနဲ့အတူ ရိုက်ကူးထားတဲ့ “ရည်းစားတစ်ဝမ်းကွဲ” ရုပ်ရှင်ဇာတ်ကားကြိးကို ရုံတင်ပြသတော့မှာပါ။

စိုင်းစိုင်းနဲ့ဖွေးဖွေးရဲ့ ဇာတ်ကားတွေကို မျှော်နေတဲ့ပရိသတ်တွေအတွက် ပျော်ရွှင်စရာ အချစ်ဇာတ်ကားလေးတစ်ကားကို ကြည့်ရှုရတော့မှာပါ။

စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း သီဆိုထားသူ တစ်ဦး လည်း ဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frezon Production မှာလည်း ဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က