အောင်ပန်းအထိတောင်သွားခဲ့တာပါ။

မြင့်မြတ်ကတော့ အသက် ၃၃ နှစ်ပြည့်ပြီဖြစ်ပါတယ်။ မွေးနေ့တူဖြစ်တဲ့ တစ်ဦးတည်းသော သားလေး မြတ်သူကလည်း တစ်နှစ်ပြည့်ပါပြီ။ သူတို့ သားအဖနှစ်ယောက်အတွက် ယုန်လေးနဲ့ Kညီ တို့က Birthday Surprise လုပ်ခဲ့ကြပါသေးတယ်။

Photo: Yone Lay



ဒီနေ့(သြဂုတ်လ ၇) ရက်နေ့ကတော့ ပရိသတ်အချစ်တော် မြင့်မြတ် နဲ့ သားလေး မြတ်သူတို့ရဲ့ မွေးနေ့ရက်မြတ်လေး ဖြစ်ပါတယ်။ ဒါကြောင့် မြင့်မြတ် ရုပ်ရှင်ရိုက်နေတဲ့ အောင်ပန်းအထိကို သူငယ်ချင်းဖြစ်တဲ့ ယုန်လေး၊ Kညီ တို့က မွေးနေ့ Surprise သွားလုပ်ခဲ့ကြပါတယ်။

‘’ Happy Birthday Par ,Myint Myat & သားသားလေး ဂျူနီယာမြင့်မြတ်။ အစစအရာရာအဆင်ပြေပါစေ။ အောင်ပန်းထိ Surprise တက်လုပ်’’ ဆိုပြီးတော့ သြဂုတ်လ ၇ ရက်နေ့ မနက် ၄ နာရီကျော်က ယုန်လေးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံလေးတွေကိုလည်း တင်ထားတာ တွေ့ရပါတယ်။

Photo: RBV

မြင့်မြတ်ကတော့ အသက် ၃၃ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ သားလေး မြတ်သူကတော့ အသက် ၁ နှစ်ပြည့်ပါပြီ။ မြင့်မြတ်ဟာ လက်ရှိမှာ ထိုင်းအလှမယ် ဆွန်ဆွန်နဲ့ ‘’သရွီး’’ ဆိုတဲ့ရုပ်ရှင်ကားကြီးကို အောင်ပန်းမှာ ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ပြည်ဟိန်းသီဟ က ရိုက်ကူးပုံဖော်နေတာပါ။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ မြင့်မြတ်၊ ဆွန်ဆွန်၊ ရွှေအိမ်စည်၊ ထက်ထက်ထွန်း နဲ့ နန်းခင်ဇေယျာတို့က ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo: Yone Lay

မြင့်မြတ်အကြောင်းတွေကို မကြာခဏ ရေးတင်လေ့ရှိတဲ့ ယုန်လေးကလည်း လက်ရှိမှာ ဂီတအလုပ်တွေ လုပ်နေတာတွေ့ရပါတယ်။ မြင့်မြတ်နဲ့ ယုန်လေးတို့ရဲ့ ရင်းနှီးမှုကတော့ သူငယ်ချင်းအဆင့်ထက်သာမက ညီအစ်ကိုအရင်းထက်တောင် ပိုချစ်ကြတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ယုန်လေးရော၊ မြင့်မြတ်ရောက ဖြေဆိုခဲ့ဖူးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အလှူအတန်းနဲ့ ပတ်သက်လာရင် တက်တက်ကြွကြွ ပါဝင်ကူညီတတ်သူတွေဆိုရင်လည်း မမှားပါဘူး။

Photo: Yone Lay

မြင့်မြတ်ရဲ့သားလေးကို သြဂုတ်လ(၇) ရက်နေ့ မနက် (၉)နာရီ(၁၅)မိနစ်က ရန်ကုန်မြို့ ဝီတိုရိယ ဆေးရုံမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ မြင့်မြတ်ရဲ့ ရိုက်ကွင်းတွေမှာတောင် ဂျူနီယာမြင့်မြတ်လေးကို တွေ့နိုင်ပြီဖြစ်ပါတယ်။ မြင့်မြတ်နဲ့ ဇနီးဖြစ်သူ ခင်သူအောင် တို့ဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နိုဗိုတယ် ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က