ဇာတ်ကား နာမည်က “သရွီး” လို့ခေါ်ပါတယ်။

ထိုင်းအလှမယ် ဆွန်ဆွန်ကတော့ မြန်မာနိုင်ငံမှ နာမည်ကြီး သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မြင့်မြတ်နဲ့အတူ ဇာတ်ကားရိုက်ကူးနေပါတယ်။ ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ “သရွီး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ အတူတူ သရုပ်ဆောင်နေတာပါ။


Photo : ပုပ္ပါး



ထိုင်းအလှမယ် ဆွန်ဆွန်ကတော့ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေလုပ်ခွင့်ရလို့ အရမ်းကို ပျော်နေပါတယ်။ သူ့ကို အခုလို အခွင့်အရေးပေးတဲ့ အတွက်လည်း ဝမ်းသာနေသလို မြင့်မြတ်နဲ့အတူ ဇာတ်ကား ရိုက်ခွင့်ရလို့လည်း ဝမ်းသာနေတယ်လို့ ဇူလိုင်(၃၁) ရက်နေ့က Duwun Media ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

“အခုတစ်ခေါက် မြန်မာနိုင်ငံလာတာ ရုပ်ရှင်ဇာတ်ကားရိုက်ဖို့ပါ။ ကိုမြင့်မြတ်နဲ့ ရုပ်ရှင်ဇာတ်ကားရိုက်မှာပါ။ အခုလိုမျိုး အခွင့်အရေးပေးတဲ့အတွက် အရမ်းကို ဝမ်းသာနေသလို ဇာတ်ကားရိုက်ခွင့်ရတဲ့ အတွေ့အကြုံတွေကိုလည်း နောက်ကျရင် ပြန်ပြောပ့ါမယ်” ဆိုပြီး ပြောခဲ့တာပါ။

Photo : ပုပ္ပါး

ဆွန်ဆွန်ဟာ ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ "သရွီး" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ မြင့်မြတ်၊ ထက်ထက်ထွန်း၊ ရွှေအိမ်စည်၊ နန်းခင်ဇေယျာတို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။ အဲဒီဇာတ်ကားကို မြန်မာနိုင်ငံရဲ့ သဘာဝရှုခင်း အလှအပတွေရှိရာ ကလော၊ အောင်ပန်း၊ အင်းလေးနဲ့ ညောင်ရွှေတို့မှာ ရိုက်ကူးသွားမှဖြစ်ပြီး လက်ရှိမှာတော့ အင်းလေးမှာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကို အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်ရိုက်ကူးတာဖြစ်ပါတယ်။

Photo : ပုပ္ပါး

မြင့်မြတ်က လက်ရှိအနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ ထိပ်တန်းမင်းသားတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရပါတယ်။ သူဟာ ၂၀၁၇ခုနှစ်က အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို “အမှောင်မှာရွာချတဲ့မိုးတိမ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က