ဒါရိုက်တာညိုမင်းလွင်က ရိုက်ကူးပုံဖော်သွားမှာပါ။

ညိုမင်းလွင်ကိုယ်တိုင် ပုံဖော်ရိုက်ကူးမယ့် ‘’မြ’’ ရုပ်ရှင်ကားကြီးမှာ မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ ကောင်မလေး မြမြ နေရာက သရုပ်ဆောင်မယ့် မင်းသမီးချောလေးကတော့ သင်ဇာဝင့်ကျော်ဖြစ်တယ်ဆိုတာကို မိတ်ဆက်ပေးလိုက်ပါပြီ။

Photo: Nyo Min Lwin



ဒါရိုက်တာညိုမင်းလွင်ကတော့ မြမြ ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်သွားမယ့် မင်းသမီးချောလေးကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီမင်းသမီးကတော့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဖြစ်ပါတယ်။ 

‘’ပြီးခဲ့တဲ့နွေရာသီတစ်ရက်တုန်းက ပရိသတ်များကိုပြောခဲ့ဖူးတဲ့အတိုင်း ဒီနေ့ညမှာ မြမြနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်၊ နောက်ဆုံးတော့ မြမြ တကယ်ရောက်လာခဲ့ပါပြီ’’ ဆိုပြီးတော့ စက်တင်ဘာလ ၁ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲဒီနောက် ‘’မြမြ’’ ဆိုတဲ့ Facebook Page ကနေတဆင့် ‘’မြမြ’’ရဲ့နေရာမှာ သရုပ်ဆောင်မယ့် မင်းသမီးကို မိတ်ဆက်ပေးလိုက်တဲ့ အချိန်မှာတော့ သင်ဇာဝင့်ကျော် ဖြစ်လို့နေပါတယ်။ စိတ်ဝင်တစားကြည့်ရှုခဲ့ကြတဲ့ ပရိသတ်ပေါင်းကလည်း မိတ်ဆက်ပေးခဲ့တဲ့ အချိန် ၁၃ နာရီအတွင်းမှာ 71,343 viwer ရှိခဲ့တာကို တွေ့ရပါတယ်။

Photo: Nyo Min Lwin

သင်ဇာဝင့်ကျော်ကိုယ်တိုင်ကလည်း မြမြ ဆိုတဲ့ ဇာတ်ကောင်ကို လက်ခံရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်သွားမယ့် အကြောင်းကိုလည်း ပရိသတ်ကို တရားဝင် အသိပေးလိုက်ပြီ ဖြစ်ပါတယ်။

‘’၁၀ လပိုင်းမှာသင်ဇာရိုက်မယ့် ရုပ်ရှင်ကားပါ... ဇာတ်ကားနာမည်က မြ'’ ဆိုပြီးတော့ စက်တင်ဘာလ ၁ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာ တွေ့ရပါတယ်။ သင်ဇာ့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ မြ ကာရိုက်တာကို သရုပ်ဆောင်မယ့် သူမအတွက် စောင့်မျှော် အားပေးသွားမယ်လို့ Comment တွေကနေတဆင့် ပြောခဲ့တာကို တွေ့ရပါတယ်။

Photo: Nyo Min Lwin

ဒါရိုက်တာညိုမင်းလွင်ဟာ ဧပြီလ ၁၃ ရက်နေ့ကတောင်ဒဂုံစက်မှုဇုံ ကျောက်စိမ်းစက်ရုံမှာ အလုပ်လုပ်ခဲ့သူ ယောကျ်ားလေး ၃ ဦးရဲ့ မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခံခဲ့ရတာကြောင့် သေဆုံးသွားတဲ့ မိန်းကလေး မြမြ အကြောင်းကို ရုပ်ရှင်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မုဒိမ်းမှုကို အခြေခံထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်လို့ သိရပါတယ်။

‘’ဖေ့စ်ဘွတ်ပေါ်က ရေပန်းစားသောကိစ္စများကို ဝင်ပါလေ့မရှိသော်လည်း ယခုတစ်ကြိမ်မှာတော့ တရားဝင်ကြေညာပါသည်။ ကျွန်တော် မြမြအကြောင်းကို ရုပ်ရှင်ရိုက်ပါမည်’’ဆိုပြီးတော့ ဧပြီလ ၂၄ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ စတင်ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Thinzar wint kyaw

ညိုမင်းလွင်(Nyo Min Lwin) က ညကျောင်း၊ ဒိုင်နိုဆောရွာ၊ ရန်ကုန်မြို့ပြရုပ်ရှင်ဇာတ်ကား အပြင် ဇီးကွက်သေတ္တာရုပ်သံဇာတ်လမ်းတွဲ တို့ကိုလည်း ရိုက်ကူးထားပါသေးတယ်။ နောက်ထပ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အများကြီးပါ။သူကိုယ်တိုင်ရိုက်ကူးထားတဲ့ ‘’မေထုန်ရာသီဖွား’’ ရုပ်ရှင်ကားကြီးကတော့ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ ‘’မနုစာရီ’’ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း လက်ရှိမှာ ပုံဖော်ရိုက်ကူးနေပြီလို့ သိရပါတယ်။ ညိုမင်းလွင်ကိုတော့ ပရိသတ်တွေက သရုပ်ဆောင်တစ်ဦးအဖြစ်ကတည်းက အားပေးလာခဲ့ကြတာဖြစ်ပါတယ်။



Share

Loading Next Article...
က္က