ရုပ်ရှင်ကားကြီး ရိုက်ဖို့ပါတဲ့။

အိန္ဒြာကျော်ဇင်ဟာ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားသစ်ကြီးအတွက် မြန်မာအကကို ကြိုးကြိုးစားစား လေ့လာသင်ယူနေတာတွေ့ရပါတယ်။ ဘယ်လိုကာရိုက်တာမဆို အကောင်းဆုံး ကြိုးစားတတ်တဲ့ သရုပ်ဆောင် တစ်ယောက်ပါပဲ။ 

Photo: Eaindra Kyaw Zin



ပရိသတ်အချစ်တော် မင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ မြန်မာအကကို အားကြိုးမာန်တက် သင်ကြားနေတာ တွေ့ရပါတယ်။ မကြာခင်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်နေတာပါတဲ့။ 

"2020 ထဲမှာ တစ်ကားတော့ရိုက်လို့ပြီးသွားပြီ။ ကဲ...ခု..နောက်တစ်ကားအတွက်... လာလေရော့... မြန်မာအက....တစ်နေ့တစ်နေ့အက ကျင့်ရတာနာလိုက်တဲ့ကိုယ်တွေလက်တွေ မြန်မာအက ကနိုင်တဲ့ သူတွေကိုအရမ်းလေးစားတယ်။ တကယ်တန်ဖိုးရှိတဲ့ မြန်မာအက။ ကိုယ့်ကိုကိုယ် ကြည့်ရတာတော့ ဗျိုင်းကြီးပျံနေသလိုပါလား မမအွဲရယ်" ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Eaindra Kyaw Zin

အိန္ဒြာကျော်ဇင်ဟာ အနုပညာသက်တမ်း ကြာလာတာနဲ့ အမျှ သရုပ်ဆောင်ရတဲ့ ကာရိုက်တာအပေါ်မှာလည်း အကောင်းဆုံး ကြိုးစားလေ့ကျင့်နေတုန်းပဲလို့ ဆိုပါတယ်။ ဘယ်လို ကာရိုက်တာပဲရိုက်ရသည်ဖြစ်စေ သရုပ်ဆောင် အသစ် တစ်ယောက်လိုပဲ အမြဲကြိုးစားတယ်လို့ ပြောပါတယ်။ 

“ ကိုယ်လုပ်တဲ့အလုပ်တစ်ခုကို အကောင်းဆုံးဖြစ်အောင်ပဲ ကြိုးစားတာပါ။ အစ်မဆိုရင် အခုချိန်ထိ ကိုယ့်အလုပ်အပေါ်မှာ ပိုကြိုးစားတဲ့အချိန်တိုင်းလည်း အကောင်းဆုံးပဲ ဖြစ်ချင်တယ်။ ကိုယ့်ကိုယ်ကိုယ် အသစ်တစ်ယောက်လိုပဲ ခံယူထားတယ်။ အစ်မသည် ကာရိုက်တာတစ်ခုကို လုပ်တတ်တယ် ဆိုတာမျိုးမရှိဘူး အမြဲတမ်းအသစ်ဖြစ်နေတာပေါ့နော်။ ကိုယ့်အိုက်တင်ကိုလည်း ဘယ်တော့မှ မကြိုက်ဘူး။ Over အိုက်တင်တွေရှိမယ်၊ လိုတာတွေရှိမယ်၊ ကိုယ့်ကိုယ်ကိုယ် ကောင်းတယ်လို့ ဘယ်တုန်းကမှ မထင်ဘူး”လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

Photo: Li John

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၀ ခုနှစ်နှောင်းပိုင်းကစပြီး မဂ္ဂဇင်းဓာတ်ပုံ၊ ပြက္ခဒိန်တွေနဲ့ တီဗီကြော်ငြာတွေ အမြောက်အမြားရိုက်ကူူးရင်း ပရိသတ်တွေ စတင်အားပေးမှု ရရှိခဲ့သူပါ။ ၁၉၉၈ ခုနှစ်မှာတော့ Miss Kokkine ဆု နဲ့ Miss Chirsmas ဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ‘’ချစ်သော အယ်ဒီတာ’’၊ ‘’ အနှိုင်းမဲ့’’ စတဲ့ မြဝတီရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ခေါင်းဆောင်မင်းသမီး အဖြစ်အရင်ဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ ‘’အဖြူရောင် အတ္တ’’၊ ‘’ ကျွန်တော် ကျွန်မတို့သည်’’ ရုပ်ရှင်ဇာတ်ကားကြီးတို့ဖြစ်ပါတယ်။ သူမရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က