ချမ်းမြေ့ပါစေ အမေ တဲ့
Sabal Thwin

Shwe FM က ချီးမြှင့်တဲ့ မြန်မာသံစဉ် သီချင်းတောင်းဆိုမှု အများဆုံးဆုကိုတော့ မနောက ရရှိသွားပါတယ်။

Shwe FM ရဲ့ ၁၀နှစ်ပြည့် ဂီတဆုချီးမြှင့်ပွဲမှာတော့ ၂၀၁၉ ခုနှစ်အတွင်း သီချင်းတောင်းဆိုမှု အများဆုံး ဆုကိုတော့ အဆိုတော် မနော ကဆုကို ရရှိသွားပြီဖြစ်ပါတယ်။ သူကတော့ ချမ်းမြေ့ပါစေ အမေ  သီချင်းနဲ့ ဆုရရှိခဲ့တာဖြစ်ပါတယ်။

‘’ကျွန်တော့်ဘဝမှာ ဒီလို ဆုတက်ယူဖို့အတွက် မမျှော်လင့်မိပါဘူး။ အခုလိုမျိုးတက်ယူခွင့်ပေးတဲ့ တေးရေးဆရာများနဲ့ အကောင်းဆုံး တီးခတ်ပေးတဲ့ ဆရာတွေ၊ သီချင်းတွေအားလုံးကို ပုံဖော်ရိုက်ကူးပေးတဲ့ ဒါရိုက်တာတွေကို ကျေးဇူးတင်ပါတယ်။ တေးချစ်သူ ပရိသတ်ကြီးအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ဒီနေ့ ဆုယူရလိမ့်မယ်လို့လည်း မထင်ပါဘူး။ ဝမ်းသာတယ်၊ အားရတယ်၊ ပီတိဖြစ်တော်မူတယ်ဆိုတဲ့ စကားလေးပဲ လက်ဆောင်ပါးချင်ပါတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

မနောကိုတော့ ပရိသတ်တွေက ‘’မိချောရေ’’၊ ‘’ဗိုလ်အောင်ဒင်’’ သီချင်းတွေကနေတဆင့် ပရိသတ်စတင်သိရှိခဲ့တာပါ။ ဒီသီချင်းတွေကလည်း ကလေးတိုင်းသာမက၊ လူကြီး၊ လူငယ်တွေရဲ့ ပါးစပ်ဖျားမှာပါ ရေပန်းစားခဲ့တဲ့ သီချင်းပါ။ သူ သီဆိုထားတဲ့ ‘’မိချောရေ’’ သီချင်းကလည်း သင်္ကြန်ရောက်ပြီဆိုရင် မဖြစ်မနေ ဖွင့်ရတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်လို့နေပါပြီ။ မနော( Ma Naw)ဟာ မြန်မာသံစဉ်တေးသီချင်းတွေကို မြူးမြူးကြွကြွ သီဆိုလေ့ရှိတဲ့ အဆိုတော်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော်တစ်ယောက်ဖြစ်လို့နေပါတယ်။ တစ်ကိုယ်တော် သီချင်းတွေလည်း ထွက်ရှိထားသူတစ်ဦးပါ။ 

Shwe FM ၁၀နှစ်ပြည့် ဂီတဆုပေးပွဲကြီးကိုတော့ စက်တင်ဘာလ ၁၄ ရက်နေ့က ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတ

ယ်။ ဒီပွဲကို အနုပညာရှင်များစွာတို့ကလည်း တက်ရောက်အားပေးချီးမြှင့်ခဲ့ ကြပါတယ်။ ဘယ်အနုပညာရှင်တွေက ဘယ်လို ဆုတွေ ဆွတ်ခူးသွားမလဲ ဆိုတာကိုလည်း တစ်နိုင်ငံလုံးက ပရိသတ်တွေက စိတ်လှုပ်ရှားရင်း စောင့်မျှော်ကြည့်ရှုနေရတဲ့ ပွဲ တစ်ပွဲ ဆိုရင်လည်း မမှားပါဘူး။ 


က္က