သူက အခုလက်ရှိ အမေရိကမှာ နေနေတာပါ။

အမေရိကမှာ နေထိုင်နေတဲ့ အဆိုတော် ခင်ဘုဏ်းကို အမိမြန်မာပြည်ကို လွမ်းလို့နေပါတယ်။ မြန်မာနိုင်ငံက သူ့ရဲ့ ပရိသတ် တွေ အတွက် ကိုလည်း သီချင်းအသစ်တွေကို မကြာခင်မှာ အွန်လိုင်းကနေ ဖြန့်ပေးဦးမယ်လို့ ဆိုပါတယ်။


Photo : ခင်ဘုဏ်း FB

 

အိမ်ထောင်ကျပြီးနောက် ခင်ပွန်းဖြစ်သူနဲ့အတူ အမေရိကမှာ နေထိုင်နေတဲ့ အဆိုတော် ခင်ဘုဏ်းကို အမိမြန်မာပြည်ကို လွမ်းလို့နေပါတယ်။ TV မှာ မြန်မာပြည်အကြောင်း ပြနေတဲ့ AWE Chanel ကို ကြည့်ရင်းနဲ့ အမိမြန်မာပြည်ကို လွမ်းတဲ့အကြောင်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်မှာ ရေးသားထားတာတွေ့ရပါတယ်။

"မြန်မာပြည်အကြောင်းပြနေတာ AWE Chanel မှာ ချစ်လိုက်တာ မြန်မာပြည်ရယ် လွမ်းလိုက်တာ I Love Myanmar   " ဆိုပြီး သူမက ဇူလိုင်(၂၆) ရက်နေ့က ရေးသာထားတာပါ။

Photo : ခင်ဘုဏ်း FB

သူငယ်ချင်းဖြစ်သူ ရေဗက္ကာဝင်းအကြောင်း ဖွင့်ဟပြောလာတဲ့ ခင်ဘုဏ်း 

ပရိသတ်တွေရဲ့ အားပေးမှုကို ရနေ့ထက်တိုင် ရရှိထားတဲ့ အဆိုတော် ခင်ဘုဏ်းဟာ မြန်မာနိုင်ငံကို မကြာခဏဆိုသလို မိသားစုနဲ့ သူငယ် ချင်းတွေဆီကို အလည်အပတ် ပြန်လာတတ်သူလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက သူ့ရဲ့ ပရိသတ်တွေအတွက်ကိုလည်း မကြာခင်မှ သီချင်းအသစ်တွေကို အွန်လိုင်းကနေ ဖြန့်ပေးဦးမယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

ခင်ဘုဏ်းဟာ အမေရိက မှာ အနေများပေမယ့် ဂီတနဲ့ ပတ်သက်လို့ ထွေထွေထူးထူး ကြိုးစားနေတာမျိုးတော့ မရှိပါဘူးတဲ့။ အမေရိက မှာဆိုရင်လည်း ဂီတနဲ့ ပတ်သက်လို့ သီချင်းနားထောင်တယ်၊ သူ့အိမ်မှာလည်း ကိုယ်ပိုင် Studio လေး ရှိတာကြောင့် သူငယ်ချင်းတွေနဲ့ ပရိသတ်တွေအတွက် လိုအပ်ရင် လိုအပ်သလို သီချင်းလေးတွေ ဆိုပေးဖြစ်တယ်လို့ ပြောပါတယ်။

Photo : ခင်ဘုဏ်း FB

 

'' ပြည်ပမှာနေပေမယ့်လည်း သီချင်းနားထောင်တာလောက်ပဲရှိတာပါ။ အိမ်မှာတော့ Home Studio လေးလုပ်ထားပြီးတော့ သီချင်းတွေ သွင်း တယ်။မြန်မာနိုင်ငံက သူငယ်ချင်းတွေ လိုအပ်ရင် လှမ်းပြီးတော့ဆိုပေးမယ် အိမ်မှာပဲ လုပ်ဖြစ်ပါတယ်။ ကြီးကြီးကျယ်ကျယ်ကြီးတော့ မလုပ်ဖြစ် ဘူး။ မြန်မာနိုင်ငံပြန်လာတဲ့အချိန်မှာလည်းဖျော်ဖြေပွဲလုပ်ဖို့ကတော့ ခင်ဘုဏ်းအများကြီး ကြိုးစားဖို့လိုပါသေးတယ်'' လို့ သူကဆိုပါတယ်။

Photo : ခင်ဘုဏ်း FB

 

ခင်ဘုဏ်းဟာ  မြန်မာနိုင်ငံရှိတဲ့ ဂီတရေစီးကြောင်းကလည်း ကမ္ဘာနဲ့လိုက်မှီနိုင်တဲ့ အခြေအနေမှာရှိတယ်ဆိုပြီးတော့ Duwun Media မှာဖြေဆို ခဲ့ ဖူးပါတယ်။ ပြည်ပမှာ ခေတ်စားလျှက်ရှိတဲ့ ဂီတရေစီးကြောင်းလေးတွေအတိုင်း မြန်မာနိုင်ငံက အဆိုတော်တွေ ကလည်း သီချင်း ပုံစံလေး တွေ ပြောင်းလဲလာတာကြောင့် သဘောကျတယ်၊ ကိုယ်တိုင်လည်း သီချင်းပုံစံတွေ ပြောင်းဆိုဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က