ဘေးဒုက္ခခံစားနေရသူတွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဖြိုးမြတ်အောင်က သဘာဝဘေးအန္တရာယ် ခံစားနေရတဲ့ မွန်ပြည်နယ်က ပြည်သူတွေအတွက် လိုအပ်တာတွေ လှူဒါန်းနိုင်ဖို့အတွက် အလှူငွေ ကောက်ခံနေတာပါ။ စိတ်ပါဝင်စားသူများအနေနဲ့လည်း ပါဝင်လှူဒါန်းနိုင်ကြောင်း ပြောထားပါသေးတယ်။

 

Photo : ဖြိုးမြတ်အောင်


အဆိုတော် ဖြိုးမြတ်အောင်က လက်ရှိမှာ ဘေးဒုက္ခခံစားနေရတဲ့ မွန်ပြည်နယ် ရေဘေးသင့်ဒေသများသို့ ဆက်သွယ်လှူဒါန်းဖို့ အလှူငွေများ ကောက်ခံလျက်ရှိပါတယ်။ သြဂုတ်လ(၁၄) ရက်နေ့မှာ ရေဘေးသင့် ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အလှူငွေ ကောက်ခံရရှိထားတဲ့ ငွေကြေးက (၁၇)သိန်းကျော် ရရှိလို့နေပါတယ်။

“လက်ရှိ ဘေးဒုက္ခခံစားနေရသော မွန်ပြည်နယ်၏ ရေဘေးသင့်ဒေသများသို့ ဆက်သွယ်လှူဒါန်းပေး လိုပါတယ်ခင်ဗျာ။ စိတ်ပါဝင်စားသူများ ဆက်သွယ်ပေးကြပါ” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၉) ရက်နေ့က ရေးသားထားခဲ့တာ ဖြစ်ပြီး သြဂုတ်လ(၁၀) ရက်နေ့မှာတော့" မွန်ပြည်နယ် ရေဘေးအတွက် အလှူရှင်စာရင်း - ညနေ (၆) နာရီ အထိ စုစုပေါင်း - (1,745,000) ကျပ်တိတိ” ဆိုပြီး ရေးသားထားပါတယ်။

Photo : ဖြိုးမြတ်အောင်

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းမှာ ရှိတဲ့ မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လျှက်ရှိပါတယ်။ မော်လမြိုင်၊ မုဒုံ၊ ရေး၊ မုတ္တမ၊ ပေါင်၊ သံဖြူဇရပ်၊ ဘားအံစတဲ့ မြို့တွေမှာတော့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောက်ရွက်ပေးနေရပြီး မုတ္တမမြို့ဆေးရုံက လူနာတွေကိုပါအရေးပေါ်ပြောင်းရွှေ့ထားရတာပါ။ဒီသတင်းတွေနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေရော ပြည်သူတွေကပါ စိတ်မကောင်းဖြစ်လို့နေပါတယ်။

Photo : ဖြိုးမြတ်အောင်

ဖြိုးမြတ်အောင်က လက်ရှိမှာ ပရဟိတအလုပ်တွေလုပ်ရင်း ပရိသတ်တွေအတွက် သီချင်းသစ်တွေ နားဆင်နိုင်ဖို့အတွက် ပြင်ဆင်နေတာ တွေ့ရပါတယ်။ အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

Photo : ဖြိုးမြတ်အောင်

ဖြိုးမြတ်အောင်ကိုတော့ Myanmar Idol Season 3 Winner တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဂီတခြေလှမ်းတွေကိုအသေးစိတ်မြင်တွေ့လာရတာဖြစ်ပါတယ်။ Myanmar Idol က နေရရှိလာတဲ့ ဆုငွေတွေကိုလည်းဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က