ချစ်ဖို့ကောင်းလိုက်တာနော်။

သရုပ်ဆောင် အေးမြတ်သူက သင်္ကြန်အကြိုနေ့လေးမှာ ကျိုက်ဝိုင်းမသန်စွမ်းကျောင်းက ကလေးလေးတွေနဲ့အတူ ရေကစားခဲ့ပါတယ်။ ချစ်ဖို့ကောင်းလိုက်တာ မမြတ်လေးရယ်။

Photo : P.M.Zaw Paparazzi



သရုပ်ဆောင် အေးမြတ်သူက ဒီနေ့(ဧပြီ၁၃ရက်) သင်္ကြန်အကြိုနေ့လေးမှာ ကျိုက်ဝိုင်းမသန်စွမ်းကျောင်းက ကလေးလေးတွေနဲ့အတူ ရေကစားခဲ့တာ ဖြစ်ပါတယ်။ သင်္ကြန်ရောက်တိုင်း သူတို့နဲ့ ရေမဆော့ရရင် မပြီးပြည့်စုံဘူးလို့ အေးမြတ်သူက ပြောထားပါသေးတယ်။

“သင်္ကြန် ဆို သူတို့လေးတွေ ကိုယ့် ကို မျှော်တက်နေပြီ.....ရေတူတူဆော့ ဖို့ ...သီချင်းတွေနဲ့တူတူက ဖို့ မျှော်တက်နေကြပြီ။ ချစ်တယ် ။သင်္ကြန်မှာ သူတို့နဲ့ရေမဆော့ရရင် မပြီးပြည့်စုံဘူး ။ ပျော်ရွှင်စရာသင်္ကြန်အကြိုနေ့လေးပါရှင်” လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၁၃) ရက်နေ့က ရေးသားထားတာဖြစ်ပါတယ်။

Photo : P.M.Zaw Paparazzi

အေးမြတ်သူက သင်္ကြန်ရောက်တိုင်း မသန်စွမ်း ကလေးလေးတွေနဲ့အတူူ နှစ်တိုင်း ဖြတ်သန်းဖြစ်တာပါ။ ချစ်ဖို့ကောင်းတဲ့ သူမရဲ့ ပုံလေးတွေကိုကြည့်ပြီး ပရိသတ်တွေလည်း အချစ်ပိုနေကြပါတယ်။  အေးမြတ်သူဟာ မကြာသေးခင်ကမှ အကယ်ဒမီ ပူပူနွေးနွေးရရှိထားတဲ့ မင်းသမီးချောလေးပါ။ သူမဟာ ‘’နောင်တွင် ဥဒါန်းတည်စေသတည်း’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပု့ိဆုကိုရရှိခဲ့တာပါ။ ဒီဆု ကတော့ သူမအတွက် ပထမဆုံးအကြိမ်ရရှိတဲ့ အကယ်ဒမီဆုလည်း ဖြစ်ပါတယ်။

Photo : P.M.Zaw Paparazzi

အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုရင်တော့ အသက် ၃၃ နှစ်ကျော်ပြီဖြစ်တဲ့ မင်းသမီးချောတစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။


ဆက်စပ်အကြောင်းအရာများ



က္က