မြ ဇာတ်ကားမှာ သရုပ်ဆောင်ဖို့တဲ့။

လူမှုကွန်ယက်စာမျက်နှာပေးမှာ နာမည်ကြီးခဲ့တဲ့ “မြမြ” ဆိုတဲ့ ကောင်မလေးအကြောင်းကို ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်နေတာပါ။ ဒီဇာတ်ကားမှာ မုဒိန်းသမားအဖြစ် ပါဝင်သရုပ်ဆောင်ဖို့ သရုပ်ဆောင်သုံးဦး ရှာနေတယ်လို့ သူက ဆိုပါတယ်။


Photo : ညိုမင်းလွင်



ညိုမင်းလွင်ကတော့ ပရိသတ်တွေကို အသစ်အဆန်းတွေ အမြဲတမ်း ပေးတတ်တဲ့ ဒါရိုက်တာ တစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့သော လအနည်းငယ်လောက် ေ့ဖစ်ဘွတ်စာမျက်နှာပေါ်မှာ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို အချိန်တော်တော်ကြာရရှိသွားခဲ့ “မြမြ”ဆိုတဲ့ ကောင်မလးအကြောင်ကို ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်လျက်ရှိပါတယ်။ ဇာတ်ကားနာမည်ကိုတော့ “မြ” လို့ပေးထားပြီး အဲဒီ ရုပ်ရှင်မှာ မုဒိန်းသမားအဖြစ် သရုပ်ဆောင်နိုင်မယ့် သရုပ်ဆောင် သုံးဦးကိုလည်း ခေါ်ယူလို့နေပါတယ်။

“မုဒိန်းသမားအဖြစ်သရုပ်ဆောင်ရန် အမျိုးသားသရုပ်ဆောင်သုံးဦးအလိုရှိသည် ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးမှရိုက်ကူးမည့် " မြ " ဇာတ်ကားတွင် ရုပ်ရှင်လောကမှမည်သူမှသရုပ်မဆောင်ရဲသော မုဒိန်းသမားတရားခံသုံးဦးအဖြစ်သရုပ်ဆောင်ရန် အသက်သုံးဆယ်မှလေးဆယ်ကြား အမျိုးသားသုံးဦးရှာေ ဖွလျက်ရှိပါသည်၊"”ဆိုပြီး ဇူလိုင်(၂၆) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။





Photo : ညိုမင်းလွင်

“မြ” ရုပ်ရှင်ဟာ မုဒိန်းမှုကို အခြေခံသော ဇာတ်လမ်းဖြစ်တာကြောင့် ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်နိုင်တာ ကြောင့် မိမိကိုယ်ကို ယုံကြည်မှု ရှိသော သရုပ်ဆောင်များအနေနဲ့ ပါဝင်လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

“မိမိကိုယ်မိမိယုံကြည်မှုရှိသော၊ သရုပ်ဆောင်ကိုသရုပ်ဆောင်အဖြစ်ဖြင့်သာမြင်သော ဝါသနာရှင်အမျိုးသားများအနေဖြင့် မိမိတို့၏ ကိုယ်ရေးအကျဉ်းကိုြ ပည့်စုံစွာဖော်ပြလျက် မျက်နှာပေါ်လွင်သောဓါတ်ပုံသုံးပုံနှင့်အတူ မြမြ Page Messenger သို့ သြဂတ်လ ၃၁ ရက်နေ့ထက်နောက်မကျစေပဲ ပေးပို့၍ေ လျှာက်ထားနိုင်ကြပါသည်၊” ဆိုပြီး ညိုမင်းလွင်က ပြောထားပါတယ်။

Photo : ညိုမင်းလွင်

မြမြ ဆိုတဲ့ မိန်းကလေးဟာ ဧပြီလ ၁၃ နေ့က ယောကျ်ားလေး ၃ ဦးရဲ့ မုဒိန်းကျင့်၊ သတ်ဖြတ်ခံခဲ့ရသူ တစ်ဦးဖြစ်တယ်လို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေခဲ့တာဖြစ်ပါတယ်။ ညိုမင်းလွင်ဟာ လက်ရှိ အောင်မြင်မှုတွေရနေတဲ့ လူငယ်ဒါရိုက်တာတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူကိုယ်တိုင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အများကြီးရှိပါသေးတယ်။



Photo : ညိုမင်းလွင်

ညိုမင်းလွင်ဟာ Anada ဆိုတဲ့ သိပ္ပံရုပ်ရှင်ဇာတ်ကားကြီး ကို ပုံဖော်ဖန်တီးထားသူဖြစ်ပါတယ်။ ဒီဇာတ်ကားဟာမြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကမှာ ပထမဆုံး သိပ္ပံရုပ်ရှင်ကားကြီး တစ်ကားဖြစ်လာမယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။နောက်ထပ်ရိုက်ကူးထားတဲ့ ‘’မေထုန်ရာသီဖွား’’ ရုပ်ရှင်ကားကြီးကတော့ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ ‘’မနုစာရီ’’ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း လက်ရှိမှာ ပုံဖော်ရိုက်ကူးနေပြီလို့ သိရပါတယ်။

ညိုမင်းလွင် က ညကျောင်း၊ ဒိုင်နိုဆောရွာ၊ ရန်ကုန်မြို့ပြရုပ်ရှင်ဇာတ်ကား အပြင် ဇီးကွက်သေတ္တာရုပ်သံဇာတ်လမ်းတွဲ တို့ကိုလည်း ရိုက်ကူးထားပါသေးတယ်။ နောက်ထပ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အများကြီးပါ။ ညိုမင်းလွင်ကိုတော့ ပရိသတ်တွေက သရုပ်ဆောင်တစ်ဦးအဖြစ်ကတည်းက အားပေးလာခဲ့ကြတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က