သူမရဲ့ဘဝမှာ စပွန်ဆာ မလိုအပ်ဘူးလို့လည်း ပြောပါတယ်။

ပရိသတ်အချစ်တော် မြတ်သူသူဇင်က သူမရဲ့ အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းနေရတဲ့အခါမှာ ဘယ်သူ့ရဲ့ ထောက်ပံ့မှုမျိုးမှ မလိုဘူးလို့ဆိုပါတယ်။

Photo: Myat Thu Thu Zin

မြတ်သူသူဇင်က အခုဆိုရင် ပရိသတ်အခိုင်အမာ ရရှိလာတဲ့ ဇာတ်လမ်းတွဲမင်းသမီးချောလေးဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာအလုပ်နဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြိုးစားမှုကသာ အဓိကကျတယ်လို့ဆိုပါတယ်။ စပွန်ဆာ ဆိုတာမျိူးလည်း မလိုအပ်ဘူးလို့ဆိုပါတယ်။

‘’တောင်းပန်ပါတယ် ဘာစပွန်ဆာမှမလိုအပ်ပါဘူး။ ပြီးတော့ Online ဖွင့်ထားတယ်ဆိုတာကလေ အလုပ်ကိစ္စ လူမှုရေးကိစ္စများနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေသုံးဖို့ပါ။တစ်ခါတလေလည်း Online သာဖွင့်ထားတာ အလုပ်လုပ်စရာရှိတာ လုပ်နေရတာပါ။ ဒီတော့ အားပေးကြ ချစ်ကြခင်ကြတာ ဝမ်းသာပေမယ့် အလာပသလာပစကား ထိုင်ပြောပေးနေရလောက်အောင် အပေါစားမဆန်ပါဘူးရှင်။ VD call တွေလည်းမခေါ်ကြပါနဲ့နော်။ စကားပြန်မပြောတာနဲ့ မာနကြီးတယ် အလေးမထားဘူး ဘဝင်မြင့်တယ် ဘာညာနဲ့ တမင်ခနဲ့ပြီး မပြောကြပါနဲ့ရှင်။ လူထဲကလူတစ်ယောက်မို့ စိတ်တိုတတ်ပါတယ်။ ကိုယ့်ကိုအားပေးကြချစ်ကြတာ နားလည်ပေမယ့် ကိုယ်လည်း အလုပ်လုပ်မှ ထမင်းစားရမယ့်သူပါ အလုပ်လုပ်ပါရစေ။ လာပြောသမျှ ထိုင်ပြန်ဖြေနေရလောက်အောင် ပေါသောမနေပါဘူးရှင်။ ပြန်မဖြေတာနဲ့ပဲ ဆဲတယ်ဆိုတော့ အဆဲခံပြီးပဲပြောပါရစေ’’ လို့ သူကဆိုပါတယ်။

Photo: Myat Thu Thu Zin

အဲဒီနောက် သူကိုယ်တိုင်ကလည်း စပွန်ဆာပေးဖို့တောင်းဆိုမှာ မဟုတ်သလို စပွန်ဆာလာပေးဖို့လည်း မကြိုးစားဖို့ အတွက်ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း အနုပညာလမ်းကြောင်းပေါ်မှာ ဖြတ်လမ်းနည်းနဲ့မအောင်မြင်ချင်ဘူးလို့ ဇူလိုင်လ ၇ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

‘’လိုင်းသုံးနေတာက လူတကာကို အသုံးတော်ခံ စကားထိုင်ပြောပေးနေဖို့ မဟုတ်ပါဘူး အထင်သေးပြီးလည်း ဘာစပွန်ဆာမှလာမပေးပါနဲ့ မလိုအပ်ပါဘူး။ ကိုယ့်ထမင်းတစ်လုပ်အတွက်တော့ ရိုးရိုးသားသား ရှာစားတတ်တဲ့ ခြေကောင်းလက်ကောင်း မိန်းမတယောက်ပါ။ အစထဲက ဒီအခြေအနေထိရောက်အောင် တစ်ယောက်ထဲ ရုန်းလာခဲ့တာပါ အခုမှ ဘာစပွန်ဆာမှလည်း ထပြီးမလိုချင်ပါဘူး။ မရိုးသားတဲ့နည်းနဲ့ မချမ်းသာချင်ပါဘူး ဒီလောက်နဲ့ပဲ ကိုယ့်သိက္ခာကိုယ်ထိန်းပြီးရပ်တန်းကရပ်ပါ။ ဒါပဲရေးချင်ပြောချင်ပါတယ်။ မြတ်သူ ဒီနေ့ရေးတာ ဒေါသကြောင့်အမှားပါခဲ့ရင် ရိုသေရသူတစ်ယောက်ဆီတိုင်းကို တောင်းပန်ပါတယ်။ myatthuthuzin’’ လို့ ဆိုပါတယ်။

Photo: Myat Thu Thu Zin

မြတ်သူသူဇင်ကိုတော့ ပရိသတ်တွေက ဝိညာဉ်ရှိုက်သံ၊ ဝင်္ကပါစံအိမ်၊ ရတနာထဲကရတနာ စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲဒီနောက် ‘’ပျားရည်အိုင်’’ ရုပ်သံဇာတ်လမ်းတွဲထဲမှာ ‘’မြညို’’ ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေ ပိုမိုအားပေးလာကြတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း သူမက MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးလို့နေပါတယ်။ 

Share

Loading Next Article...
က္က