လှူဒါန်းချင်တဲ့ အလှူရှင်တွေလည်း ပါဝင်လှူဒါန်းနိုင်တယ်တဲ့။

ကျုံပျော်မြို့နယ်မှာရှိတဲ့ ကိုယ်အားကိုယ့်ကိုး ပညာသင်ကျောင်းလေးကို တိုက်ကျောင်းေ ဆာင်လုပ်ပေးဖို့အတွက် ပြင်ဆင်နေတာပါ။ လှူဒါန်းချင်တဲ့ အလှူရှင်တွေလည်း ပါဝင်လှူဒါန်းနိုင်တယ်လို့ ထူးအယ်လင်းက ဆိုပါတယ်။

Photo : ထူးအယ်လင်း FB



ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့ ထူးအယ်လင်းက ဆိုင်ကယ်ချစ်သူများအဖွဲ့နဲ့အတူ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းလေးကို တိုက်ဆောက်ပေးဖို့အတွက် ကြိုးစားပေးနေတာ တွေ့ရပါတယ်။ ကျုံပျော်မြို့နယ် နှဲဘိုကြိုးကျေးရွာမှာ ရှိတဲ့ ကိုယ့်အားကိုယ်ကိုးအခြေခံပညာ မူလတန်းေ ကျာင်းလေး ကို တိုက်ကျောင်းဆောက်ဖို့အတွက် ဒီနေ့(မတ်လ၁၄ရက်)မှာ သွားရောက်လေ့လာခဲ့ပါတယ်။

Photo : ထူးအယ်လင်း FB

ကျောင်းကို သွားရောက်လေ့လာတဲ့အချိန်မှာလည်း ထူးအယ်လင်းက သူ့ဖေ့စ်ဘွတ်အကောင့်ကနေ အလှူတွေတွေ့မြင်နိုင်ဖို့ Live လွှင့်ပြီး ကျောင်းရဲ့ အခြေအနေလေးကို ပြောပြခဲ့ပါတယ်။

“ကလေးတွေအတွက် ပညာသင်ကျောင်းဆောက်ပေးဖို့ ကျွန်တော်တို့ ရောက်နေတာပါ။ တွဲဖက်မူလတန်းကျောင်းလေးပါ။ ဒီနေ့က ကျောင်းအခြေအနေေလေး လာကြည့်တာပါ။ ကျွန်တော်နဲ့အတူ ဆိုင်ကယ်ချစ်ညီအကိုတွေလည်းပါသလို အဆိုတော် ထိုက်ထိုက်တို့အဖွဲ့လည်း ပါတယ်။ တကယ်လိုအပ်တဲ့ နေရာလေးတွေမှာ လိုက်လှူနေတာပါ။ အလှူရှင်တွေ သိရအောင်အခုလိုမျိုး Live လွှင့်ပြီး ပြောတာပါ”လို့ ထူူးအယ်လင်းက ဆိုပါတယ်။

Photo : ထူးအယ်လင်း FB

အဆိုတော် ထူးအယ်လင်းဟာ တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ မကြာခဏဆိုသလို သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အခုချိန်မှာလည်း အများအကျိုးလုပ်ဖို့ရည်ရွယ်ချက်နဲ့ အများအကျိုးအတွက်လှူဒါန်းဖို့ ဂီတသစ်ပင်လို့ အမည်ပေးထားတဲ့ တေးစီးရီးလည်း ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေ သတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ



က္က