Ei Ei Myat

ကလေးသူငယ်များဘဝ လှပအောင် တတ်နိုင်တဲ့ ဘက်ကနေ ကူညီပံ့ပိုးပေးကြဖို့ကိုလည်း သူမက တိုက်တွန်းထားပါသေးတယ်။

Photo : ခိုင်နှင်းဝေ

ခိုင်နှင်းဝေက ဒီနေ့(ဇူလိုင်၁၀ရက်)မှာ ပျဉ်းမကုန်းကျေးရွာမှ ရှိတဲ့ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းက ကလေးများကို ကျောင်းဝတ်စုံတွေနဲ့ လိုအပ်တာတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။ 

“သုံးခွမြို့နယ် ပျဉ်းမကုန်းကျေးရွာရှိ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းမှာရှိတဲ့ ကျောင်းသား/သူ ၄၆ဦးအတွက် ကျောင်းဝတ်စုံများ၊ ထီး၊ ဖိနပ်၊ ဆပ်ပြာ၊ တို့ကိုလှူဒါန်းခဲ့ပြီးကလေးများပျော်ရွှင်စေဖို့ အရုပ်များကံစမ်းမဲဖောက်ပေးခဲ့ပါတယ်ရှင်။ ပွင့်သောပန်းတိုင်းလန်းနိုင်စေဖို့မျှော်မှန်းရင်း ” ဆိုပြီး ဇူလိုင်(၁၀) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာရေးသားထားတာတွေ့ရပါတယ်။

Photo : ခိုင်နှင်းဝေ

ဆက်လက်ပြီးတော့လည်း ကလေးသူငယ်များ ဘဝလှပအောင် တတ်နိုင်တဲ့ ဘက်ကနေ ကူညီပံ့ပိုးပေးဖို့အတွက်ကိုလည်း တိုက်တွန်းပေးထားပါသေးတယ်။

“အနာဂတ်ကိုယုံကြည်သူတိုင်း ကလေးသူငယ်များဘဝလှပအောင် မိမိတတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးကြဖို့တိုက်တွန်းချင်ပါတယ်” ဆိုပြီး ပြောထားပါတယ်။ ပရဟိတမင်းသမီးချောလေး ခိုင်နှင်းဝေက လက်ရှိမှာ မိဘမဲ့ ကလေးငယ်တော်တော် များများကို ပြုစု စောင့်ရှောက်နေတာ တွေ့ရပါတယ်။ သူမကိုယ်တိုင်ကလည်း ဒီကလေးတွေအပေါ် သားသမီးအရင်းသဖွယ် ချစ်ခင်လှပါတယ်။

Photo : ခိုင်နှင်းဝေ

 ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်းတွေ သွားရောက်လုပ်ကိုင် ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က