ဒီနေ့(ဇွန်လ ၂၁) ရက်ဟာ မင်းသွေးရဲ့ မွေးနေ့ပါ။

မင်းသွေးရဲ့ မွေးနေ့မှာ နေတိုးနဲ့ အတူ မိသားစုဝင်တွေက ကောင်းမှုကုသိုလ်တွေ လုပ်ပေးခဲ့ကြပါတယ်။

Photo: Nay Toe



နေတိုးကတော့ ဇွန်လ(၂၁) ရက်နေ့မှာကျရောက်တဲ့ မင်းသွေးရဲ့ မွေးနေ့အတွက် အလှူအတန်းတွေ လုပ်ရင်း ကုသိုလ်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ မင်းသွေးနဲ့ နေတိုးရဲ့ပရိသတ်တွေကလည်း ဒီအလှူအတွက် သာဓု ခေါ်ဆို ခဲ့ကြပါသေးတယ်။  

"ဒီနေ့ ကွယ်လွန်သူ - သရုပ်ဆောင်- မင်းသွေး (ခ) နေမင်းအောင် ( ခေါ် )ညီလေးငယ်အားရည်စူး၍ဆွမ်းဆက်ကပ် ပြီးတော့ ရခိုင်စစ်ရှောင်ပြည်သူများအတွက် တဲအိမ်(၁၅)လုံးကို အလိုတော်ပြည့်ဆရာတော်ကြီးအား ဦးထိပ်ထားလျက် ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက်သို့လှူဒါန်းခဲ့ပါတယ်။ပရိသတ်များအားလုံးကုသိုလ်အမျှရပြပါစေခင်ဗျာ" ဆိုပြီးတော့ နေတိုးရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇွန်လ ၂၁ ရက်နေ့က ရေးသားခဲ့တာ ဖြစ်ပါတယ်။ နေတိုးတို့မိသားစုဟာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ မင်းသွေးအတွက် လစဉ်လတိုင်း အလှူအတန်းတွေ ပြုလုပ်ပေးခဲ့သလို မင်းသွေး ဖြစ်ချင်ခဲ့တဲ့ ဆန္ဒများကိုလည်း ဖြည့်ဆည့် လုပ်ကိုင်ပေးနေတာ တွေ့ရပါတယ်။

Photo: Nay Toe

မင်းသွေးဟာ ၂၀၁၈ခုနှစ်၊ အောက်တိုဘာ(၃) ရက်နေ့က ရုတ်တရက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ပြီးတဲ့နောက်မှာလည်း ပရိသတ်တွေရော၊အနုပညာရှင်တွေကပါ ဝမ်းနည်းကြေကွဲခဲ့ကြရပါတယ်။ မင်းသွေးကွယ်လွန်ပြီးတဲ့နောက်မှ ရုံတင်ခဲ့တဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကား၊ သတ်ကွင်း ရုပ်ရှင်ဇာတ်ကား၊ မဟူရာ ရုပ်ရှင်ရုံ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ကနေတဆင့်လည်း မင်းသွေးကို ပရိသတ်တွေက သတိရစေခဲ့ပြန်ပါတယ်။

Photo: Nay Toe

နေတိုးကလည်း မင်းသွေးရဲ့ ဆန္ဒအရ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းမှာ တည်ထား ကိုးကွယ်ခဲ့တဲ့ မာန်အောင်မြို့နယ် သံကျောက်တောင် မဟာဇေယျသိဒ္ဓိမဟာမုနိရှင် တော်မြတ်ဘုရာကြီး ဘုရားအနေကဇာတင်လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ မင်းသွေးရဲ့ တစ်ကိုယ်တော်အခွေကိုလည်း အစ်ကိုဖြစ်သူ နေတိုးက အပြီးသတ်ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့ဆိုရင်တော့ မင်းသွေးကွယ်လွန်တာ (၂) နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က