သြဂုတ်လ(၉) ရက်နေ့ဆိုရင် သူမရဲ့ မွေးနေ့ ကျရောက်ပါပြီ။

ဖွေးဖွေးကတော့ သြဂုတ်လ(၉) ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့အတွက် ကြိုပြီးတော့ အလှူအတန်းတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။

Photo: Kyaw Kyaw Win



သြဂုတ်လ (၉) ရက်နေ့ ဆိုရင် ဖွေးဖွေးဟာ အသက်(၃၂) နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူမဟာ ဒီနေ့ (သြဂုတ်လ ၇ရက် )မနက်ပိုင်းမှာ မေတ္တာရောင်ခြည် မိဘမဲ့ ပညာရေးကျောင်းမှာ မွေးနေ့အလှူ ပြုလုပ်ခဲ့တာပါ။ ဖွေးဖွေးဟာ မေတ္တာရောင်ခြည် မိဘမဲ့ပညာရေးကျောင်း အတွက် နေ့ဆွမ်း အလှူငွေ အပြင် မွေးနေ့အလှူငွေ အဖြစ် ငွေကျပ်(၉) သိန်း လှူဒါန်းခဲ့တာ တွေ့ရပါတယ်။

အဲဒီနောက် အချိုရည် နှင့် မုန့်များစွာ လည်း လှူဒါန်းခဲ့တာတွေကို ဖွေးဖွေးရဲ့ ဖခင်ဖြစ်သူ ဦးမောင်ဦးရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ကနေ တစ်ဆင့် သိရပါတယ်။ 

Photo: Kyaw Kyaw Win

ဖွေးဖွေးက သူမရဲ့ မွေးနေ့ အလှူကိုတော့ သူချစ်ရတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေ တွေနဲ့အတူ ကုသိုလ်အလှူပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူမကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ ဖွေးဖွေးရဲ့ ကုသိုလ်အလှူအတွက် ကြည်နူးပီတိဖြစ်နေကြရင်းမွေးနေ့ ဆုတောင်း စကားတွေလည်း ပြောခဲ့တာ တွေ့ရပါတယ်။ 

ဖွေးဖွေးဟာ နှစ်တိုင်းလိုလို မွေးနေ့ နေ့ရက်တိုင်းကို အလှူအတန်းတွေပြုလုပ်ပြီး ဖြတ်သန်းလေ့ရှိတဲ့ သူတစ်ယောက်ပါ။ ပရိသတ်တွေဆီကလည်း မွေးနေ့ လက်ဆောင်တွေ အများကြီးရလေ့ရှိတယ်လို့ ဆိုပါတယ်။ 

Photo: Amazing Grace

ဒီနှစ်မွေးနေ့မှာတော့ သူမကို ပေးမယ့် လက်ဆောင်ပစ္စည်းထက် အလှူအတန်းလေး တွေလုပ်ပေးစေချင်တယ်လို့ Live ထဲမှာ ပြောပြခဲ့ပါတယ်။ 

“ ဖွေးရဲ့ မွေးနေ့မှာလေ အရုပ်ကြီးတွေတို့၊ Album လက်ဆောင်တွေ ပေးတတ်ကြတယ်။ ဒီနှစ်တော့ ဖွေးကို မွေးနေ့လက်ဆောင်ပေးချင်တယ်ဆိုရင် ကလစ်သေးသေးလေးတို့ ဖြစ်ဖြစ် ပေးပါ၊ ဘာမှ မပေးဖြစ်ဘူးဆိုရင်တောင်မှ ကိုယ့်အနားမှာ လိုအပ်နေတဲ့သူတွေကို ၁၀၀၀ ပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်သလောက်လေးကို ဖွေး မွေးနေ့အတွက် ဆိုပြီးတော့ လှူပေးတာက ပိုအဓိပ္ပာယ်ရှိပါတယ်။ ဒါက ဖွေးတောင်းဆိုတာပါ” လို့ သူက ဆိုပါတယ်။

Photo: Kyaw Kyaw Win

 ဖွေးဖွေး(Phway Phway)ဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်များစွာတို့ရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က