ပရိသတ်တွေနဲ့ အတူတူ ဖြတ်သန်းချင်မိတာပါ။

ဝတ်မှုံရွှေရည် က ဒီနှစ်မှာ ကျရောက်မယ့် မွေးနေ့ အစီအစဉ်လေးတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Wutt Hmone Shwe Yi



ဝတ်မှုံရွှေရည်က သြဂုတ်လ(၁၀) ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့ အစီအစဉ်လေးကိုလည်း အခုလို ပြောပြလာပါသေးတယ်။ မွေးနေ့ကို ကောင်းမှုကုသိုလ်လေးတွေ ပြုလုပ်ရင်း ဖြတ်သန်းသွားချင်တယ်လို့ သူက ဆိုပါတယ်။ 

“ ဒီနှစ်မွေးနေ့ကတော့ သေချာတာ တစ်ခုက အလှူလုပ်ဖြစ်မယ်။ ဘယ်နေ့ လုပ်ဖြစ်မလဲဆိုတာတော့ ပြောလို့ မရသေးဘူး။ မွေးနေ့ အတွက်က ပရိသတ်တွေနဲ့ အစီအစဉ်တော့ ဘာမှ မလုပ်ဖြစ်သေးဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီနှစ်မွေးနေ့က လူများတဲ့ ပွဲတွေ မလုပ်တာ ကောင်းတယ်လေ။ အမှန်အတိုင်းပြောရရင်တော့ ကစ်ရဲ့ မွေးနေ့ကို ပေါ့ပေါ့ပါးပါးလေးနဲ့ ကုသိုလ်ရမယ့် အလုပ်တွေ၊ အလှူအတန်းတွေနဲ့ပဲ ဖြတ်သန်းချင်တယ်။ ကစ်ပရိသတ်တွေနဲ့ နှစ်တိုင်း အတူတူ ဖြတ်သန်းချင်တာပါ။ ဒီနှစ်လည်း အရမ်းတွေ့ချင်ပါတယ် ဒါပေမယ့် အကုန်လုံးအတွက် စိတ်ပူတယ်” ဆိုပြီးတော့ ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်းက သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ Live လွှင့်ရင်း ပြောပြခဲ့တာဖြစ်ပါတယ်။ 

Photo: Li John

သရုပ်ဆောင် ဝတ်မှုံရွှေရည် ကတော့ ရုပ်ရှင်တွေ ပြန်ရိုက်ချင်နေပြီလို့ ပြောပါတယ်။ လတ်တလောမှာလည်း သူမဟာ လူနည်းနည်းလောက်သာ ရိုက်ကူးရေး လုပ်လို့ရမယ့် အနုပညာအလုပ်တွေ ပြန်လုပ်နေပြီလို့ ဆိုပါတယ်။ 

“ ကစ်ကတော့ အခုရက်ပိုင်း ရုပ်ရှင်မရိုက်ရသေးဘူး။ ရုပ်ရှင်အရမ်းရိုက်ချင်နေပြီ။ ဇာတ်ကားတွေကြည့်ပြီးတော့ အရမ်းကို ရုပ်ရှင်ရိုက်ချင်တယ်။ ကာရိုက်တာတွေထဲကို ဝင်ပြီးတော့ သရုပ်ဆောင်ချင်နေပြီ။ ဒါပေမယ့် ရုပ်ရှင်ရိုက်လို့ အဆင်မပြေသေးတဲ့အတွက် လူနည်းနည်း နဲ့ ရိုက်လို့ရတဲ့ ကြော်ငြာလေးတွေရိုက်နေတယ်။ အွန်လိုင်းအတွက် ဗီဒီယိုလေးတွေရိုက်နေပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Wutt Mhone Shwe Yi

ဝတ်မှုံရွှေရည်ဟာ COVID-19 ကာလမှာ စားဝတ်နေရေး အခက်အခဲ ကြုံနေရသူတွေအတွက် စားနပ်ရိက္ခာ အလှူတွေ၊ Covid ကာကွယ်ရေး ပစ္စည်းတွေ လိုက်လံ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဝတ်မှုန်ရွှေရည်က သူမရဲ့ မွေးနေ့တိုင်းကိုလည်း အလှူအတန်းတွေ လုပ်ရင်း ဖြတ်သန်းတတ်သူ ဖြစ်ပါတယ်။ 

Photo: Li John

ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ ခုနှစ်က "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ " နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က