အသက်(၂၃)နှစ်ပြည့်သွားခဲ့ပါပြီ။
Ei Ei Myat

မင်းသန့်ကတော့ မိခင်ဖြစ်သူ ပြန်လွတ်လာပြီး မိခင်နဲ့အတူတူ မွေးနေ့ကို ဖြတ်သန်းခွင့်ရတဲ့အတွက် ဒီနှစ်ဟာအရမ်းကံကောင်းပြီး အမှတ်တရ ဖြစ်ရတဲ့ နှစ်တစ်နှစ်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

 

Photo : မင်းသန့်မောင်မောင်

ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ အကယ်ဒမီ မေသန်းနုတို့ရဲ့ တစ်ဦးတည်းသော သားလေး မင်းသန့်မောင်မောင်ကတော့ အသက်(၂၃)နှစ်ပြည့်သွားခဲ့ပါပြီ။ ဒီနှစ်မွေးနေ့ကို မိသားစု စုံစုံလင်လင်နဲ့ဖြတ် သန်းခွင့်ရတာကြောင့် သူ့အတွက် အရမ်းကို ပျော်ရွှင်ရတဲ့ နေ့တစ်နေ့လို့ ဆိုပါတယ်။

“ဒီနေ့ စိတ်ချမ်းသာအဆုံးပါပဲ။ မွေးနေ့ဆုတောင်းပေးကြတဲ့ သူတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကို စစ်မှန်တဲ့ ပျော်ရွှင်မှုနဲ့ မျှော်လင့်ချက်များဖြစ်ပေါ်စေပါတယ်။ လူအားလုံး ကောင်းမွန်တဲ့ ကျန်းမာရေးနဲ့ ဘေးကင်းကြပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာ”ဆိုပြီး ဇူလိုင်(၃) ရက်နေ့က သူရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ အသက်(၂၃)နှစ် ပြည့်မွေးနေ့အလှူကိုလည်း မိသားစုစုံစုံညီညီနဲ့ မဟာဘောဓိရွှေကျင်ကျောင်းတိုက်ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။



Photo : မင်းသန့်မောင်မောင်

ဒီနှစ်မွေးနေ့မှာ မိခင်မရှိတာကြောင့် မွေနေ့ပွဲတောင် မလုပ်ချင်ခဲ့တဲ့ မင်းသန့်အဖို့ မိခင်ပြန်လွတ်လာပြီး မိခင်နဲ့အတူတူ မွေးနေ့ကို ဖြတ်သန်းခွင့်ရတဲ့အတွက် ဒီနှစ်ဟာအရမ်းကံကောင်းပြီး အမှတ်တရ ဖြစ်ရတဲ့ နှစ်တစ်နှစ်ဖြစ်တယ်လို့ ဇူလိုင်(၂) ရက်နေ့ သတင်းစာရှင်းလင်းပွဲနေ့က ပြောပြခဲ့ပါသေးတယ်။

မင်းသန့်အနေနဲ့ မကြာခင်မှာလည်း မိခင်နဲ့အတူ သာသနာ့ဘောင်ထဲ ဝင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ ဇူလိုင်(၂) ရက်နေ့က ဒါရိုက်စင်ရော်မောင်မောင်အိမ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ‌ပြောခဲ့ပါသေးတယ်။

Photo : မင်းသန့်မောင်မောင်

မင်းသန့်မောင်မောင်ဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က မြန်မာနိုင်ငံကို အပြီး ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး အနုပညာအလုပ်နဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံ Los Angeles မြို့မှာရှိတဲ့ New York Film Academy မှာ ၃ နှစ်ကျော်အကြာ ပညာသင်ကြားခဲ့တာဖြစ်ပါတယ်။ New York Film Academy ကျောင်းကနေ Bachelor of Fine Arts ဘွဲ့ကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပါသေးတယ်။ သူဟာ အနုပညာအလုပ်ကို ငယ်ငယ်လေးကတည်းက မိခင်ဖြစ်သူ မေသန်းနု နဲ့ အတူ ကြော်ငြာတွေရိုက်ရင်း ပရိသတ်ရင်ထဲကို ရောက်လာတဲ့ ကလေးသရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ 


Author


က္က