အသက်(၅၀) ပြည့်ပြီဖြစ်ပါတယ်။

လွင်မိုးကတော့ ဒီနေ့(စက်တင်ဘာလ ၁၇ ရက်)မှာ ကျရောက်တဲ့ မွေးနေ့မှာ အလှူအတန်းတွေ လုပ်ခဲ့တာကြောင့် သူ့ရင်ထဲကလာတဲ့ ဆုတောင်းစကားတွေကို အခုလို ပြောပြထားပါတယ်။ 

Photo: Lwin Moe



သရုပ်ဆောင် လွင်မိုးကတော့ ဒီနေ့မှာ အသက်(၅၀) ပြည့်သွားပြီဖြစ်ပါတယ်။ သူ့ အနေနဲ့ We Love Yangon မှာ Air Con တစ်လုံးစာ၊ ကုတင်(၁၀) လုံးစာအတွက် ငွေကျပ်(၉) သိန်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီမွေးနေ့ အလှူနဲ့ ပတ်သက်ပြီး လွင်မိုးရဲ့ ဆုတောင်းစကားကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။ 

"ဒီနေ့..၅၀.. ပြည့်ပါတယ်..ရွှေရတုပေါ့ We love yangon နဲ့...နေရာတချို့...အလှုလုပ်ဖြစ်ခဲ့ပါတယ်။ Covid ကာလ..အားလုံးဘေးရန်ကင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ ပုံမှန်ဘဝကိုအမြန်ဆုံးပြန်ရောက်ပါစေဆိုသောဆု...တစ်ခုသာပေးပါ..." ဆိုပြီးတော့ စက်တင်ဘာလ(၁၇) ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

Photo: Lwin Moe

လွင်မိုးဟာ ၁၉၉၂ ခုနှစ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ‘’သမီးနဲ့ အမေများ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရသူပါ။ သူဟာ ၁၉၉၉ ခုနှစ်က ‘’ရင်ထဲက ဆောင်းရာသီ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၁ ခုနှစ်မှာတော့ ‘’ပန်းတစ်ပွင့် ဖန်ဆင်းခြင်း’’ ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၄ ခုနှစ်မှာတော့ ‘’တစ်ခါက ဧရာဝတီညများ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Photo: Lwin Moe

လွင်မိုးက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် မိသားစု ကိုလည်း အချိန်ပေးနေရသူပါ။ သူ့မှာတော့ ချစ်စရာကောင်းတဲ့ မြေးလေး Liam လေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က