အသက်(၂၆) နှစ်ပြည့်သွားပြီဖြစ်ပါတယ်။

ခင်ဝင့်ဝါကတော့ သူလုပ်ချင်တဲ့ မွေးနေ့ အလှူကို ပရိသတ်တွေက ကိုယ်စား လုပ်ပေးခဲ့တာကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။  

Photo: Khin Wint Wah



သရုပ်ဆောင် ခင်ဝင့်ဝါကတော့ စက်တင်ဘာလ(၂၁) ရက်နေ့က အသက်(၂၆) နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ သူမ လုပ်ချင်ခဲ့တဲ့ မွေးနေ့ အလှူကို ပရိသတ်တွေရဲ့ အကူအညီကြောင့် အောင်မြင်မြင် လုပ်ဆောင် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

" ခေးရဲ့ ဒီနှစ် မွေးနေ့ကို Stay homeရင်း အိမ်မှာပဲ ရိုးရိုးရှင်းရှင်းလေး ဖြတ်သန်းဖြစ်တယ် (‌မမျှော်လင့်ထားဘဲ Surprise တကယ်ဖြစ်သွားလို့ လုပ်ပေးကြတဲ့သူတွေအကုန်လုံးအရမ်းချစ်) ။ ပြီးတော့ မွေးနေ့မှာ အိမ်မှာနေရင်း ခေးအရမ်းလုပ်ချင်တဲ့အလှူလေးတွေကိုအထ မြောက်အောင် ဝိုင်းဝန်းကူညီပေးတဲ့(မန်းလေး မှ ချစ်ရတဲ့ အစ်မ မားသီနဲ့ မားသူ ) သူတွေအကုန်လုံးကိုလည်း ကျေးဇူးကမ္ဘာနော်" ဆိုပြီးတော့ စက်တင်ဘာလ(၂၂) ရက်နေ့ နေ့လယ် (၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Khin Wint Wah

ခင်ဝင့်ဝါက လက်ရှိမှာ Covid-19 ကူးစက်ရောဂါ ကာကွယ်ရေး အနေနဲ့ အိမ်မှာပဲ နေဖြစ်တယ်လို့ သိရပါတယ်။ အနုပညာအလုပ်တွေလည်း ရပ်နားထားတာ တွေ့ရပါတယ်။ ဒါကြောင့် မွေးနေ့ အလှူကို မဖြစ် ဖြစ်အောင် လုပ်နိုင်ခဲ့တာကြောင့် အမှတ်တရလေးတွေ ရှိတယ်လို့ ဆိုပါတယ်။ 

" ခေးကို အမြဲချစ်ပေးတဲ့ သူတွေကြောင့် မွေးနေ့လေးမှာ အမှတ်တရတွေ နဲ့ အမြဲပျော်ရပါတယ်။ အမြဲချစ်ပေးတဲ့အတွက်ရော မွေးနေ့ဆုတောင်းတွေ အတွက်ရော ထပ်လောင်းကျေးဇူးပါနော်။ ချစ်ရတဲ့သူတွေ အားလုံးလဲ ကျန်းမာရေးဂရုစိုက်ပြီး ကိုယ်ခံအားကောင်းအောင် အစားများများစားပေးကြနော်။ ချစ်တဲ့ခေး" ဆိုပြီးတော့ ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Khin Wint Wah

ခင်ဝင့်ဝါဟာ သူ့ရဲ့ မွေးနေ့အလှူအဖြစ် မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီးအား ဆွမ်း၊ခဲဖွယ်ဘောဇဉ်တို့ကို ဆပ်ကပ်လှူဒါန်းခဲ့ပြီး ရေတော်ဆရာတော် ကျောင်းတိုက်ရှိ သံဃာတော်များအတွက် အရုဏ်ဆွမ်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ် အလှူများအနေနဲ့ ရွှေဂူနီပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ငွေကျပ်(၁၅၀၀၀၀)ကျပ်နဲ့ အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် အချိုပွဲများ၊ လေလွင့်ခွေးလေးများကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ကရုဏာရှင်ခြံ ကို ငွေကျပ်(၁၃၀၀၀၀)ကျပ်နဲ့ တိုင်းရင်းသား မိဘမဲ့ ပရဟိတကျောင်းသို့ ငွေကျပ်(၂၆၀၀၀၀)ကျပ် တို့ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။  

Photo: Khin Wint Wah

ခင်ဝင့်ဝါကတော့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အလှမယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အလှမယ်တစ်ယောက်ပါ။ သရုပ်ဆောင်အလုပ်နဲ့ပတ်သက်ပြီး ပညာပေးတဲ့ ဇာတ်လမ်းမျိုးတွေဆိုရင်လည်း အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ အခုချိန်မှာတော့ တီဗီကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ မင်းသမီးချောလေး ဖြစ်လို့နေပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က