loading...

loading...

loading...

အသက် ၁၇ နှစ်ပြည့်သွားပြီလို့ သိရပါတယ်။
Sabal Thwin

အေးမြဖြူကတော့ သူမရဲ့ မွေးနေ့ မိသားစုဝင်တွေနဲ့ အတူ အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ 

ပရိသတ်အချစ်တော်မလေး အဆိုတော် အေးမြဖြူကတော့ ၂၀၂၀ ခုနှစ် မတ်လ ၉ ရက်နေ့မှာ အသက် ၁၇ နှစ်ပြည့်သွားပြီလို့ သိရပါတယ်။ သူမရဲ့ မွေးနေ့မှာ မိသားစုနဲ့ အတူတူ အလှူအတန်းတွေ လုပ်ခဲ့ပါသေးတယ်။ 

"သမီးရဲ့မွေးနေ့မနက်ပိုင်းမှာ အိမ်သစ်တက်မင်္ဂလာအလှူရယ် အရိုးဆေးရုံကြီးမှလူနာနှင့်လူနာရှင်များအတွက် မနက်စာ လှူခဲ့ပါတယ်"ဆိုပြီးတော့ မတ်လ ၉ ရက်နေ့ မနက် ၁၀ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံတွေလည်း တင်ခဲ့တာကို တွေ့ရပါတယ်။ မွေးနေ့ အမှတ်တရ အနေနဲ့ We Love တွေကလည်း ကိတ်မုန့် လှလှလေး လက်ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ 

အေးမြဖြူကတော့ မကြာသေးခင်က ဒါရိုက်တာ ဏကြီးပုံဖော်ရိုက်ကူးတဲ့ "ချစ်စခင်စမှော်ရုံ" ရုပ်ရှင်ကားကြီး ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဒီဇာတ်ကားမှာတော့ ဒေါင်း၊ ကျော်ထက်အောင်၊ မိုးဟေကိုနဲ့ ပိုင်ဖြိုးသုတို့ကလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ အေးမြဖြူအတွက်တော့ ဒီရုပ်ရှင်ဇာတ်ကားဟာ ၁၀ ကျော်သက်အရွယ်မှာ ပထမဆုံးရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဆိုလည်း မမှားပါဘူး။ 

အေးမြဖြူဟာ ငယ်ငယ်လေးကတည်းက အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ အများကြီးရှိခဲ့ပါတယ်။ သရုပ်ဆောင် တစ်ယောက်အဖြစ် ဗီဒီယို ဇာတ်ကားများစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ဖူးခဲ့သူပါ။ ငယ်ငယ်လေးကတည်းက သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့တာကြောင့် သူ့ကို ချစ်တဲ့ ပရိသတ်တွေအများကြီး ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ သူမကေတာ့ Myanmar idol (Season-4) မှာ Vote နံပတ် No.77711 နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက သီချင်းတွေလည်း ဆိုခဲ့တဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူမကို အခုချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။




ဆက်စပ်အကြောင်းအရာများ


loading...

က္က