သူ့ရဲ့ ပရိသတ်တွေ ပေးတဲ့ လက်ဆောင်နဲ့ ပျော်နေတာ တွေ့ရပါတယ်။

ကျော်ထက်အောင်ကတော့ သူ့ရဲ့ မွေးနေ့လေးကို တတ်နိုင်သလောက် အလှူအတန်းတွေ လုပ်ခဲ့တဲ့ အကြောင်း ပြောပြလာပါတယ်။ 

Photo: Love Space Photo Studio



သရုပ်ဆောင်ကျော်ထက်အောင်ကတော့ စက်တင်ဘာလ(၁၄)ရက်နေ့က မွေးနေ့ ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ နေရာ (၃) နေရာမှာ မွေးနေ့ အလှူ ပြုခဲ့တယ်လို့ ဆိုပါတယ်။ 

“ မွေးနေ့ အလှူအနေနဲ့ We Love Yangon မှာ PPE ဝတ်စုံတွေ လိုအပ်တယ်ဆိုလို့ PPE ဝတ်စုံအတွက် ငွေကျပ်(၈) သိန်း လှူဒါန်းခဲ့ပါတယ်။ ဘိုးဘွားရိပ်သာမှာ ဆေးပဒေသာပင်တည်ပြီး လှူတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းမှာ သိမ်ဆောက်ဖို့အတွက် မြေလည်း လှူထားပါတယ်။ အေဖရိန်ကိုလည်း ကလေးတွေအတွက် တစ်လစာ ငွေရော၊ ဆန်ရော လှူဒါန်းထားပါတယ်ခင်ဗျ။ ဒါကိုလည်း ကျွန်တော့်ရဲ့ Fan တွေက ဦးဆောင်ပြီး လုပ်ထားကြတာဖြစ်ပါတယ်” ဆိုပြီးတော့ စက်တင်ဘာလ(၁၄) ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောပြခဲ့တာပါ။ 

Photo: Love Space Photo Studio

အဲဒီနောက် ကျော်ထက်အောင်က ပရိသတ်တွေဆီက ရတဲ့ လက်ဆောင်လေးတွေနဲ့ ပရိသတ်ကို မိတ်ဆက်ပေးခဲ့ပါသေးတယ်။ 

“ မွေးနေ့ လက်ဆောင်ထဲမှာဆိုရင် ရေမွှေးတွေ အများကြီးရတယ်။ ကိုယ်ကလည်း ရေမွှေး အရမ်းကြိုက်တော့ ပျော်တာပေါ့။ ပြီးတော့ ဖေဖေ နဲ့ မေမေ ရဲ့ ခြေရာကိုလည်း We Love တွေကပဲ လုပ်ပေးပြီး လက်ဆောင်ပေးထားတာပါ။ ပြီးတော့ မွေးနေ့ လက်ဆောင် အလှပန်းစည်းလေးတွေလည်း ရပါတယ်။ ပြီးတော့ ကျွန်တော် ကြိုက်တဲ့ indoor ပန်းပင်လေးလည်း လက်ဆောင်ရတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Love Space Photo Studio

ကျော်ထက်အောင်ဟာ Myanmar Idol Season 1 ကတည်းက ပရိသတ်တွေ အားပေးမှုကို များစွာရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ အဲဒီကတစ်ဆင့် နာမည်ရလာပြီး အခုဆိုရင် ခေါင်းဆောင်မင်းသား တစ်ယောက်အဖြစ်နဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီး တွေရိုက်ကူးနေရပါပြီ။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ရုံတင်ပြသခဲ့ပြီးဖြစ်သလို ရုံမတင်ရသေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က