ဒီနေ့က မြသင်းခြယ်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။
Sabal Thwin

မြသင်းခြယ်ဟာ ဒီနေ့ ဇွန်လ(၁၂) ရက်မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့ကိုတော့ မောင်လေးဖြစ်သူ ဂျွန်ဂိုအတွက် ရည်စူးပြီး အလှူအတန်းတွေ လုပ်ပေးတယ်လို့ဆိုပါတယ်။ 

Photo: Mya Thin Chel

ဒီနေ့ ဇွန်လ (၁၂) ရက်နေ့ကတော့ သရုပ်ဆောင် မြသင်းခြယ်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သံဃာ (၅) ပါးအတွက် အလှူငွေ၊ သက္င်္ကန်း နဲ့ ဆွမ်းထမင်း၊ ဟင်းများ ကပ်လှူခဲ့တာကိုလည်း တွေ့ရပါတယ်။သူမဟာ မွေးနေ့မှာ မောင်လေးအရင်းဖြစ်သူ သရုပ်ဆောင်ဂျွန်ဂို အတွက် ရည်ရွယ်ပြီး အလှူလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

"ဒီနေ့မားရဲ့မွေးနေ့လေးကို မွေးနေ့ဆုမွန်တွေပို့သပေးတဲ့ ချစ်ရသူအားလုံးကိုကျေးဇူးအရမ်းတင်ပါတယ်ရှင်။ မားခြယ်မွေးနေ့အလှူ လေးကိုတော့မောင်လေးဂျွန်ဂိုအတွက်ရည်စူးမှုလေးနဲ့ပဲလှူပါတယ်။ မောင်လေးသိနိုင်မြင်နိုင်ကြားနိုင်ရနိုင်ပါစေ" ဆိုပြီးတော့ ဇွန်လ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Mya Thin Chel

ဂျွန်ဂိုဟာ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်မြသင်းခြယ်ရဲ့ မောင်လေး အငယ်ဆုံးဖြစ်သလို သရုပ်ဆောင်နေထူးနိုင်နဲ့ ယောက်ဖတော်စပ်ပါတယ်။ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ဆိုရင်တော့ ဂျွန်ဂို ကွယ်လွန်ခဲ့တာ ၆ နှစ်ပြည့်ပြီဖြစ်ပါတယ်။ အက်ရှင်မင်းသားချော တစ်ယောက်အနေနဲ့ ဂျွန်ဂိုဟာ ပရိသတ်တွေရဲ့ အားပေးမှုများစွာ ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်ပါ။ အရပ်ရှည်ရှည် အသားညိုညို အသက်ကလည်း ငယ်တော့ တစ်ချိန်က ကောင်မလေး ပရိသတ်တွေရဲ့ အသဲစွဲ မင်းသားတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ ဂျွန်ဂို နောက်ဆုံးရိုက်ခဲ့တဲ့ ဇာတ်ကားကတော့ '' ငရဲအိုး'' ဆိုတဲ့ အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။

Photo: Mya Thin Chel

မြသင်းခြယ်ရဲ့ မွေးနေ့မှာ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် နေထူးနိုင်ကလည်း ဇနီးချောလေးအတွက် မွေးနေ့ ဆုတောင်းစကားတွေ ပြောထားပါသေးတယ်။ 

"ဒီနေ့ကျရောက်တဲ့ (၃၇) နှစ်မြှောက်မွေးနေ့မှာစ နိုင်ငံကျော်အဆိုတော်ကြီးဖြစ်ပြီးခေတ္တရာသူရှောက်ပေါင်းနဲ့ဒဏ်ကြေးလိမ်းဆေးထုတ်လုပ်ရောင်းချမှုလည်း ရောင်းကောင်းအောင်မြင်၍သာယာ ပျော်ရွှင်တဲ့မိသားစုဘဝလဲပိုင်ဆိုင်နိုင်ပါစေ။ လိုရာဆန္ဒတွေလဲပြည့်ဝယောင်္ကျားကိုလည်း ချစ်မဝအောင်ဖြစ်ပါစေမိန်းမရေ" ဆိုပြီးတော့ ဇွန်လ ၁၂ ရက်နေ့ မနက် ၁၂ နာရီဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Mya Thin Chel

မြသင်းခြယ်က လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်နေပေမယ့် မိသားစုကို ပိုပြီးအချိန်ပေးဖြစ်နေတာ တွေ့ရပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ " ခေတ္တရာသူ" ရှောက်ပေါင်းဆေး ထုတ်လုပ်ရောင်းချနေတာဖြစ်ပါတယ်။ သူဟာ မကြာသေးခင်ကလည်း သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ '' တစ်နေ့မှ မေ့မရပါ'' ဆိုတဲ့ တေးစီးရီးကို ထွက်ရှိထားတာဖြစ်ပါတယ်။မြသင်းခြယ် ဟာ မျက်နှာဝိုင်းဝိုင်း ဆံပင်ရှည်ရှည်နဲ့ ပရိသတ်အချစ်တွေ ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။





ဆက်စပ်အကြောင်းအရာများ


က္က