loading...

loading...

loading...

ကာကွယ်ရေး ပစ္စည်းတွေကိုလည်း လှူဒါန်းခဲ့တာ တွေ့ရပါတယ်။
Sabal Thwin

သရုပ်ဆောင် ကျော်ကျော်ကတော့ သူ့ရဲ့ မွေးနေ့မှာ သန်လျင်မြို့မှာရှိတဲ့ မိဘမဲ့ တိုင်းရင်းသား ဖွံ့ဖြိုးရေး ဘုန်းတော်ကြီးကျောင်းမှာ COVID-19 ကာကွယ်ရေး ပစ္စည်းတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

Photo: Kyaw Kyaw

သရုပ်ဆောင် ကျော်ကျော်ကတော့ ဒီနေ့(မတ်လ ၂၄ရက်) မှာကျရောက်တဲ့ မွေးနေ့မှာ အလှူအတန်းတွေလုပ်ရင်း ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ သူဟာ COVID-19 ကာကွယ်ရေးအတွက် "မိဘမဲ့ တိုင်းရင်းသား ဖွံ့ဖြိုးရေး" ဘုန်းတော်ကြီးကျောင်းမှာ မွေးနေ့ အလှူ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ 

"ယနေ့ကျရောက်သော ကျွန်တော့်ရဲ့မွေးနေ့ကတော့ တိုက်ဆိုင်စွာနဲ့ပဲ ကျွန်တော်တို့နိုင်ငံမှာ Covid 19 ရောဂါစတင်တွေ့ရှိမူနဲ့ လာပြီးတိုက်ဆိုင်နေတော့ ကျွန်တော် မပျော်ရွှင်နိုင်ပါဘူး။ အားလုံးကိုလည်း အရင်ကထက်ပိုပီးဂရုတစိုက်နေစေချင်ပါတယ်။ တိုင်းသူပြည်သားများအားလုံးလည်း ဘေးကင်းကြပါစေလို့လဲ ကျွန်တော် တောင်းဆုပြုပါတယ်။ မွေးနေ့အလှူအဖြစ် သန်လျှင် ကျိုက်ခေါက်ဘုရားလမ်းဆုံမှာရှိတဲ့ မိဘမဲ့တိုင်းရင်းသားဖွံဖြိုးရေး ဘုန်းတော်ကြီးကျောင်းမှာ ငွေကျပ်နှစ်သိန်းလှူဒါန်းဖြစ်ခဲ့ပါတယ်။ ချစ်ရတဲ့ပရိသတ်တွေအားလုံး အန္တရာယ်ကင်းကြပါစေခင်ဗျာ" ဆိုပြီးတော့ မတ်လ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Kyaw Kyaw

သရုပ်ဆောင် ကျော်ကျော်ကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့သူတစ်ယောက်ပါ။ တစ်ယောက်တည်းဖြစ်စေ၊ အပေါင်းအသင်းများနဲ့ ဖြစ်စေ အလှူအတန်းတွေ လုပ်လေ့ရှိပါတယ်။ သူဟာ ချစ်သူ ခင်သူ ပေါများပေမယ့်လည်း အချစ်ရေး သတင်းတွေကတော့ တည်ငြိမ်လျှက်ရှိပါတယ်။ လက်ရှိမှာလည်း အနုပညာမောင်နှမတွေဖြစ်တဲ့ ကျော်ကျော်နဲ့ အတူ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးတို့ ပေါင်းပြီး ပရမ်းပတာ BFF များဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်လေးလည်း ထောင်ထားတာ တွေ့ရပါတယ်။ 

Photo: Kyaw Kyaw

ကျော်ကျော်ကိုတော့ ဗီဒီယိုဇာတ်ကား၊ တီဗီကြော်ငြာ နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်တစ်ခုကို ရောက်ရှိလို့လာပါပြီ။ အနုပညာအလုပ်တွေကိုလည်း တစိုက်မတ်မတ် လုပ်လာတာကိုလည်း တွေ့ရပါတယ်။ ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်များစွာကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


loading...

က္က