သူငယ်ချင်း၊ မိတ်ဆွေတွေရဲ့ မွေးနေ့ ဆုတောင်းကြောင့် ပျော်ရပါတယ်တဲ့။

အဆိုတော် အောင်လကတော့ မွေးနေ့ရောက်တိုင်း ပျော်စရာကောင်းတဲ့ အမှတ်တရဆိုတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

Photo: Wine Su



စက်တင်ဘာလ(၁၇) ရက်နေ့ကတော့ အဆိုတော် အောင်လ ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့ အနေနဲ့ မွေးနေ့မှာ FG live lounge ဖျော်ဖြေပွဲလုပ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ရက်ရွှေ့သွားရလို့ စိတ်မကောင်းဘူးလို့ ဆိုပါတယ်။ 

"အမှန်တိုင်းပြောရင် မွေးနေ့ဆို မပျော်တတ်ပါဘူး။ ခံစားရလို့ပါ။ ဘယ်နက္ခတ်နဲ့ မွေးခဲ့လည်း မသိဘူး။ မွေးနေ့ဆို အဆင်ပြေတယ် ဆိုတာရှားတယ်။ ပထမဆုံး 9p show ဆိုရမယ်ဆိုတဲ့ နှစ် မှာ လေဖြတ်နေတဲ့ အဖေက နှလုံးရောဂါနဲ့ ဆေးရုံတင်ရတယ် ။ မွေးနေ့တော့မသိဘူး show ပွဲ အတွက်တောင် အဝတ်အစား မဝယ်နိုင်ဘူး။ အခုထိလည်း ဒီလိုပဲမွေးနေ့ အမှတ်တရ ဆိုပြီး FG live lounge ကို မွေးနေ့နားမှာ တီးဖို့ရွေးတယ် ကံမကောင်းစွာနဲ့ပဲ ရက်ရွှေ့သွားရပြန်တယ် ။ ဒါပေမယ့်လည်း ကိုယ့်ကိုချစ်တဲ့ သူငယ်ချင်း၊ ဆွေမျိုး ၊အပေါင်းအသင်းတွေရဲ့ ဆုတောင်းတွေကြောင့် ဒီနှစ်မွေးနေ့ အိမ်မှာနေရင်း ပျော်ရပါတယ်ဗျာ.....။ကျေးဇူးပါ ........." ဆိုပြီးတော့ စက်တင်ဘာလ (၁၇) ရက်နေ့ မနက်(၃) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။ 

Photo: Wine Su

အဲဒီနောက် အောင်လရဲ့ မွေးနေ့လေးမှာ ချစ်ရသူလေး အဆိုတော် ဝိုင်းစုခိုင်သိန်းကလည်း မွေးနေ့ ဆုတောင်းစကား ဆိုထားပါသေးတယ်။ 

"Happy birthdayချစ်ဆုံး။ ဒီနှစ်မွေးနေ့ကစပြီး ဘဝတစ်လျှောက်လုံး ကို။ ဖြစ်ချင်တဲ့ ဆန္ဒတွေ အကုန်ပြည့်ပါစေ။ ကို...ဖန်တီးချင်တဲ့ အနုပညာတွေကိုလည်း အကောင်းဆုံးဖန်တီးနိုင်ပါစေ။

ချစ်ကိုလည်း အမြဲချစ်နိုင်ပါစေလို့" ဆိုပြီးတော့လည်း မွေးနေ့ ဆုတောင်းပေးထားတာ တွေ့ရပါတယ်။ 

Photo: Wine Su

အောင်လနဲ့ ဝိုင်းစုတို့ဟာ လက်ရှိမှာ ဂီတအလုပ်တွေကို အတူတူ လုပ်ဆောင်လျှက်ရှိပါတယ်။ Covid ကာလကြောင့်လည်း ဖျော်ဖြေရေးတွေ ရပ်နားထားတယ်လို့ သိရပါတယ်။ အဆိုတော် အောင်လနဲ့ ဝိုင်းစုတို့အတွဲ လေးက တကယ့်ကို ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ အချစ်ရေးကိုပိုင်ဆိုင်ထားကြတာပါ။ သူတို့ နှစ်ယောက်ကတော့ ၂၀၁၇ ခုနှစ်အတွင်းမှာ ချစ်သူတွေအဖြစ် တရားဝင်တွဲခဲ့တာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က