ကျေးဇူးတင်စကားဆိုလာပါတယ်။

အဆိုတော် နီနီခင်ဇော်ကတော့ “Myanmar’s Pride Awards 2019” ဆုပေးပွဲကြီးမှာ Best in Music ဆုကို ရရှိခဲ့ပါတယ်။ 

Photo: Myanmar Pride 



မြန်မာနိုင်ငံမှ ထူးချွန်ကျွမ်းကျင်ပညာရှင်များအား ကျရာကဏ္ဍအလိုက် ဂုဏ်ပြုချီးမြှင့်ပေးတဲ့ “Myanmar’s Pride Awards 2019” ရဲ့ ဒုတိယအကြိမ်မြောက် ဆုပေးပွဲအခမ်းအနားကြီးကို Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဆုပေးပွဲမှာတော့ မှာတော့ နယ်ပယ်အသီးသီးကထူးချွန်ထက်မြတ်တဲ့ အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေကိုရွေးချယ်ခဲ့တာ တွေ့ရပါတယ်။ 

ဒီဆုပေးပွဲမှာ “Best in Music” ဆုကိုတော့ နီနီခင်ဇော်က ရရှိခဲ့တာဖြစ်ပါတယ်။ Melody World ဆုပိုင်ရှင်အဖြစ် ဂီတလောကတွင် ထင်ရှားလာပြီး နိုင်ငံတကာထိ ထင်ရှားကျော်ကြားသော ဂီတပညာရှင် တစ်ဦးဖြစ်လာတဲ့ အဆိုတော် နီနီခင်ဇော်ကတော့ Best in Music ဆိုတဲ့ ခေါင်းစဉ်အောက်က Myanmar’s Pride Award 2019 ဆုကို ရရှိပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

“ အားလုံးက အလုပ်ကို နှလုံးသား နဲ့ အလုပ်လုပ်ကြတယ်လို့ ယုံကြည်ပါတယ်။ ဒီလို ဆုပေးပွဲမှာ နီနီ့ကို ရွေးချယ်ပေးခဲ့ကြတဲ့ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ပရိသတ် တစ်ယောက်ခြင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ နီနီလည်း အကောင်းဆုံးကြိုးစားသွားပါမယ်” လို့ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ 

Photo: Myanmar Pride 

နီနီခင်ဇော်ဟာ ဂီတနဲ့ ပတ်သက်ပြီး ပြည်တွင်းဆု အပြင် ပြည်ပက ချီးမြှင့်ထားတဲ့ ဆုတွေ အပါအဝင် ဆုပေါင်း ၁၃ ဆု ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ ဂီတဟာနှလုံးသားက လာတဲ့ သံစဉ်တွေ၊ ကိုယ်ပိုင်အရည်အချင်းများစွာနဲ့ ဖန်တီးပေးနိုင်သော သီချင်းများ၊ မြန်မာပြည်တွင်သာမက နိုင်ငံတကာမှ ဂီတချစ်သူများ၏ အားပေးမှုများကိုရရှိထားသူတစ်ယောက်အဖြစ် Myanmar’s Pride Award 2019 ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ 

Photo: Myanmar Pride 

Myanmar's Pride Awards 2019 Final ဒီဆုပေးပွဲဟာ မြန်မာပြည်တွင် မွေးဖွားသူ (သို့) မြန်မာလူမျိုးဖြစ်ပြီး မည်သည့်နေရာဒေသတွင် နေထိုင်သည်ဖြစ်စေ နိုင်ငံအား ကမ္ဘာ့အလယ်တွင် ဂုဏ်ဆောင်နိုင်သူများ။ သက်ဆိုင်ရာ ပညာရပ် နယ်ပယ်တွင် ပြည်တွင်းကော ပြည်ပတွင်ပါ အကျိုးသယ်ပိုးနိုင်သူများ။ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံအား ကိုယ်စားပြုပြီး တိုင်းပြည်အတွက် ဂုဏ်ဆောင်နိုင်သူများ။သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ထူးချွန်ကျော်ကြားမှုများကြောင့် နိုင်ငံတကာပရိသတ်၏ လေးစားမှုရရှိပြီး မြန်မာနိုင်ငံအား ကမ္ဘာ့အလယ်တွင် အသိအမှတ်ပြုခြင်းခံရသူများ စတဲ့ အချက်တွေကြောင့် တိုင်းပြည်အကျိုးကို သယ်ပိုးရင်း နိုင်ငံဂုဏ်ဆောင်သူတွေထဲကမှ ထူးချွန်သူများကို Myanmar’s Pride Awards 2019 ရဲ့ Winner ဖြစ်ဖို့ အဆိုပြုခံရသူများအဖြစ် ရွေးချယ်ထားခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က