ဇန်နဝါရီလမှာ ဆုပေးပွဲကြီး ကျင်းပတော့မှာဖြစ်ပါတယ်။

Myanmar's Pride Awards 2019 ဆုပေးပွဲကြီးအတွက် ဆန်ခါတင် စာရင်းဝင်ထားတဲ့ အနုပညာရှင်စာရင်းတွေ ထွက်ပေါ်လို့လာပါပြီ။ပရိသတ်တွေ ကိုယ်တိုင်က ကိုယ်ချစ်တဲ့ အနုပညာရှင်တွေကို Vote ပေးရွေးချယ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

Photo: Myanmar Pride Awards 2019



Myanmar's Pride Awards 2019 ဆုအတွက် ဆန်ခါတင်အနုပညာရှင်တွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒီဆုကတော့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်တဲ့ အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေကိုရွေးချယ်တဲ့ ပွဲဖြစ်ပါတယ်။ Myanmar's Pride Awards 2019 အတွက် ဂီတပညာနဲ့ ပတ်သက်ပြီး ဆန်ကာတင် အနုပညာရှင်စာရင်းတွေ ထွက်ပေါ်လို့လာပါပြီ။

“ဂီတသည် လူသားအချင်းချင်း၏ စိတ်ဝိဉာဉ်များကို ဆက်သွယ်ပေးသောအရာ တစ်ခုဖြစ်ပါတယ်။ ထိုအဆိုသာမှန်ကန်ခဲ့ပါကကျွန်တော်တို့ရွေးချယ်ထားသော အဆိုပြုခံရသူများသည် မြန်မာပြည်သူတို့၏ စိတ်နှင့် နှလုံးကိုရိုက်ခတ်စေရုံသာမကပဲ စိတ်ဝိဉာဉ်များကိုလည်း ပေါင်းကူး ဆက်သွယ်ပေးနိုင်မှာ ပဲဖြစ်ပါတယ်။ အဆိုပြုခံရသူများသည် ကိုယ်ပိုင်အရည်အချင်းများဖြင့် မြန်မာပြည်တွင်သာမက နိုင်ငံတကာမှ ဂီတချစ်သူများ၏ အားပေးမှုများကိုရရှိထားသောသူများဖြစ်ပါတယ်” ဆိုပြီးတော့ Myanmar's Pride Awards 2019 Facebook Page ကနေ ကြေညာခဲ့တာဖြစ်ပါတယ်။ ဂီတပညာရှင်တွေ အဖြစ် ဆန်ကာတင်စာရင်းဝင်လာတဲ့ အနုပညာရှင်တွေကတော့ စိုင်းစိုင်းခမ်းလှိုင်၊ နီနီခင်ဇော်၊ ဖြူဖြူကျော်သိန်းနဲ့ ဓီရာမိုတို့ ဖြစ်ပါတယ်။

Photo: Myanmar Pride Awards 2019

Myanmar's Pride Awards 2019 ဆုပေးပွဲကြီးမှာ ပါဝင်လာတဲ့ ဆန်ကာတင်သရုပ်ဆောင် စာရင်းတွေ ထွက်ပေါ်လို့လာပါပြီ။ သူတို့ကတော့ သရုပ်ဆောင် နေတိုး၊ ဝတ်မှုံရွှေရည်၊ ပိုင်ဖြိုးသု တို့နဲ့ ဒေါင်း ဖြစ်ပါတယ်။

 “သရုပ်ဆောင်ခြင်းအတတ်ပညာသည် ဇာတ်ကောင်တစ်ခုအားပုံဖော်ခြင်းဆိုသည်ထက်ပိုလွန်ပါတယ်။ မိမိမဟုတ်သောတခြားသောသူတစ်ယောက်အဖြစ်စိတ်ဝိဉာဉ်အားနက်နက်နဲနဲခံစား‌လေ့လာကာအသက်ဝင်အောင်ပြုလုပ်ရခြင်းဖြစ်သည်။ ယခုကဲ့သို့ပြုလုပ်ရန်အတွက်လည်း အရည်အချင်းနှင့်အရည်အသွေးများစွာလိုအပ်ပါတယ်။ ယခုရွေးချယ်ထားသော အဆိုပြုခံရသူများသည်ထိုသို့သော အရည်အချင်းနှင့် အရည်‌အသွေးများ တွင်ထူးချွန် ပြောင်မြောက်လှသောကြောင့် ပရိတ်သတ်အများ၏ ချစ်ခင်အားပေးမှုကို အပိုင်သိမ်းပိုက်ထား သောသူများ ဖြစ်ပါတယ်” ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါသေးတယ်။

Photo: Myanmar Pride Awards 2019

Myanmar's Pride Awards 2019 ဆုပေးပွဲကြီးအတွက် ပရိသတ်တွေက ကိုယ်ကြိုက်နှစ်သက်တဲ့ အနုပညာရှင်တွေကို Voting ပေးရမှာဖြစ်ပါတယ်။ Vote ပေးရမယ့် ဖုန်းနံပတ်ကတော့ 09-969696888 ကို မက်ဆေ့ချ်ပို့ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ အနုပညာရှင်တွေရဲ့ Code No. အပြည့်အစုံကို ရိုက်နှိပ်ပြီး ပေးပို့ရမှာဖြစ်ပါတယ်။ Vote တစ်ကြိမ်ကို ၁၀ ကျပ်ဖြစ်ပါတယ်။ ပရိသတ်တွေပေးတဲ့ Vote ကနေ ရရှိလာမယ့် ငွေကြေးကိုတော့ မြန်မာ့စွန့်ဦး စီးပွားရေးလုပ်ငန်းရှင်များကို အထောက်အပံ့ဖြစ်စေတဲ့ လုပ်ငန်းနေရာတွေမှာ လုပ်ဆောင်နိုင်ဖို့အတွက် မြန်မာငွေကျပ် သိန်း ၁၀၀ လှူဒါန်းဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။ အဓိကအားဖြင့် အသက် ၁၈ နှစ်ပြည့်ပြီးသူများသာ Vote ပေးရမယ်လို့ စည်းကမ်းသတ်မှတ်ထားတာ တွေ့ရပါတယ်။ 

Photo: Myanmar Pride Awards 2019

Myanmar's Pride Awards 2019 Final ဆုပေးပွဲကိုတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ ဒီဆုပေးပွဲကြီးကတော့ ဒုတိယမြောက်ကျင်းပပြုလုပ်တဲ့ ဆုပေးပွဲဖြစ်ပါတယ်။ Myanmar's Pride Awards 2018 ခုနှစ်အတွက် ဆုပေးပွဲတုန်းကတော့ သရုပ်ဆောင်လောကမှ အိန္ဒြာကျော်ဇင် နဲ့ အတူ စီးပွားရေး လုပ်ငန်းရှင် ကိုထက်မြတ်ဦး၊ လူထုအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်နေသူ Joshua ချစ်ထွန်း၊ ပန်းချီပညာရှင်ကြီး ဦးလွန်းကြွယ်၊ ကိုမိုးစက်၊ အားကစားသမား အောင်သူ၊ ဖက်ရှင်ရေးရာမှာ ထူးချွန်သူ မေမြတ်နိုး၊ Beauty Blogger မှာ အောင်မြင်သူအဖြစ် နေခြည်ဦး တို့က ဆုအသီးသီးရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က