ထီပေါက်ထားတဲ့ ပိုက်ဆံတွေလည်း ပါတယ်လို့ဆိုပါတယ်။

သရုပ်ဆောင်အလင်းရောင်က ထီပေါက်ထားတဲ့ ငွေကြေးနဲ့ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ငွေကျပ် ၅ သိန်းလှူခဲ့တာ တွေ့ရပါတယ်။

Photo: Kyaw Thu



ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း( ရန်ကုန်) ကို သရုပ်ဆောင်အလင်းရောင်က ဇူလိုင်လ ၄ ရက်နေ့မှာ အလှူငွေကျပ် ၅ သိန်းကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အလင်းရောင်အတွက် ဆုတောင်းစကားတွေကိုလည်း ဦးကျော်သူက အခုလို ပြောပြခဲ့ပါတယ်။

’ဂမ္ဘီရမျက်လုံးနှင့် ဒဏ္ဍာရီပင်လယ် ရုပ်ရှင်များတွင် အထူးသရုပ်ဆောင်ထားသည့် သရုပ်ဆောင်မင်းသား အလင်းရောင်သည် မအားလပ်သည့်ကြားမှ နာရေးကူညီမှု အသင်း(ရန်ကုန်) သို့ အလှူငွေငါးသိန်း(၅၀၀၀၀ဝိ/-)ကျပ်အား လာရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုအစုစုကြောင့် ယခုထက်အောင်မြင်မှုသရဖူဆုများရရှိကာ ဘဝတစ်လျောက် သောကင်းဝေး ငြိမ်းချမ်းသာယာ ဝပြောပါစေ။ သာဓု သာဓု သာဓု’’ ဆိုပြီးတော့ ဇူလိုင်လ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ တွေ့ရပါတယ်။

Photo: Kyaw Thu

အလင်းရောင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ဒီနေ့(ဇူလိုင် ၄)ရက်နေ့မှာ ပြုခဲ့တဲ့ ကုသိုလ်အလှူအတွက် မှတ်တမ်းတင်ထား တွေ့ရပါတယ်။ ဒီအလှူက ထီပေါက်လို့ရတဲ့ ငွေကြေးနဲ့ လှူတာလို့လည်း သူကပြောပါတယ်။

‘’ မေလတုန်းက ထီ ၅သောင်း ဆုပေါက်ထားတာလဲ မလှူရသေးလို့ လှူချင်တာနဲ့ပေါင်းပြီး ဒီနေ့ မနက်ပိုုင်းက နာမှူကူညီရေးအသင်းမှာလှူဖြစ်ခဲ့ပါတယ်’’ ဆိုပြီးတော့ဇူလိုင်လ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲကျော်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Kyaw Thu

ဦးကျော်သူနဲ့ အလင်းရောင်တို့ဟာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ အတူတူရိုက်ကူးထားတာ တွေ့ရပါတယ်။ သူတို့ဟာ ‘’ဂမ္ဘီရမျက်လုံး’’ ၊ ‘’ဒဏ္ဍာရီပင်လယ်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အတူတူရိုက်ကူးထားကြတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က