မကြာခဏ လှူဒါန်းဖြစ်နေတာကို တွေ့ရပါတယ်။

Covid ကာလအတွင်းမှာ ရေအလှူတွေ လုပ်ဖြစ်နေတဲ့ သရုပ်ဆောင် အိချောပို ကို နာရေးကူညီမှု အသင်းသားတွေက ကျေးဇူးတင်စကားဆိုထားပါတယ်။ 

Photo: Ei Chaw Po



သရုပ်ဆောင် အိချောပိုကတော့ Covid ကာလမှာ ပရဟိတအလုပ်တွေ မရပ်မနားလုပ်ဆောင်နေတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် ရေသန့်ဗူးများစွာ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ဒီအလှူအတွက် အိချောပိုကို ကျေးဇူးတင်စကား ပြောထားပါသေးတယ်။ 

"ရုပ်ရှင်သရုပ်ဆောင် အိချောပို ၏ ရေကုသိုလ်တော်။ ၂၀၂၀၊ ဇွန် (၂၂) ရုပ်ရှင်သရုပ်ဆောင် အိချောပို မှ နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ (၇)ရက် သားသမီးများ သောက်သုံးရန်အတွက် ရေသန့်ဗူးလတ် (၁၂)ဗူးပါ ကဒ်(၁၀၀)အား လာရောက်လှူဒါန်းပေးခဲ့ပါသည်။ လှူဒါန်းမှုအစုစုတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကျေးဇူးတင်ရှိကာ သာဓု သာဓု သာဓု ခေါ်ဆိုလိုက်ရပါသည်" ဆိုပြီးတော့ ဇွန်လ ၂၂ ရက်နေ့ မနက် ၁၀ နာရီကျော်က နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဖ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Ei Chaw Po

အိချောပိုဟာ Covid ကာလမှာ မကြာခဏ ရေ အလှူတွေလုပ်နေတာ တွေ့ရပါတယ်။ သူမဟာ ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှု အသင်းကနေ တဆင့် ရေတွင်း၊ ရေကန် အလှူတွေမှာလည်း ကုသိုလ် ပါဝင်လေ့ရှိတာ ကို တွေ့ရပါတယ်။ သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း လှူဒါန်းမှုတွေ အတွက် သာဓု ခေါ်ဆိုခဲ့တာကို တွေ့ရပါတယ်။ 

Photo: Li John

အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်အရှေ့ကိုရောက်လာတဲ့ အိချောပိုဟာ အခုဆိုရင် အရမ်းကိုအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာအလှအပကြောင့်လည်း ပရိသတ်တွေအားကျရသလို ဇာတ်ရုပ်တိုင်း အပေါ် သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ပရိသတ်အချစ်ကို ပိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အိချောပိုဟာ ၂၀၁၇ ခုနှစ်အကယ်ဒမီ ထူးချွန်ဆု ပေးပွဲမှာ ပွဲခံမယ်ရုပ်ရှင်ဇာတ်ကား၊ အမည်ပေါက်နဲ့ကျူး ရုပ်ရှင်ဇာတ်ကားကြီးတို့ နဲ့လည်း အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် ပရိသတ်တွေ ထင်ကြေးပေးခံခဲ့ရဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က