ဒီနေ့ကတော့ သူ့ရဲ့ မွေးနေ့ ဖြစ်ပါတယ်။
Sabal Thwin

အောင်ထက်ဟာ သူ့ရဲ့မွေးနေ့ကို နာရေးကူညီမှုအသင်း(ရန်ကုန်) မှာ အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုတော် အောင်ထက်ကတော့ ဒီနေ့ (သြဂုတ်လ ၁၇ ရက်) မှာကျရောက်တဲ့ မွေးနေ့ကို အလှူအတန်းတွေ လုပ်ရင်း ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ သူ့ရဲ့ မွေးနေ့ အလှူကို နာရေးကူညီမှုအသင်း(ရန်ကုန်) မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

" တေးသံရှင် အဆိုတော် အောင်ထက် ၏ မွေးနေ့မွန်မြတ်အလှူ။ ပြည်သူချစ်သော တေးသံရှင် အဆိုတော်အောင်ထက် ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့ နာရေးကူညီမှုအသင်း(ရန်ကုန်) တွင် အလှူငွေ (၃၀၀,၀၀၀) သုံးသိန်းကျပ်တိတိ နှင့် အာဟာရဒါန နေ့လည်ခင်းတွင် " ထမင်း + ကြက်သားဟင်း " တို့စရာ အစုံအလင်ဖြင့် လူ(၁၅၀)စာအတွက် ကျွေးမွေးလှူဒါန်းခဲ့ကြသည်" ဆိုပြီးတော့ သြဂုတ်လ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီကျော်က နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: နာရေးကူညီမှုအသင်း(ရန်ကုန်)

အောင်ထက် အတွက် မွေးနေ့ ဆုတောင်းကို ဦးကျော်သူနဲ့အတူ နာရေးကူညီမှုအသင်းသူ၊ အသင်း သား တွေကလည်း အခုလို ပြောပြထားတာ တွေ့ရပါတယ်။ 

''အဆိုတော် အောင်ထက် မှ စေတနာ့လုပ်အားပေး အသင်းသူ ၊ အသင်းသားများ နှင့် စေတနာ့ဝန်ထမ်းများကို ဂစ်တာတီး၍ သီချင်းများ သီဆိုဖျော်ဖြေခဲ့သည်။ အဆိုတော် အောင်ထက် မွေးနေ့မှသည် နောင်နှစ်များစွာတိုင်အောင် အောင်မြင်ကျော်ကြားသော အဆိုတော်တစ်ဦးဖြစ်ပါစေ။ တေးသီချင်းကောင်းများစွာကို ဖန်တီးနိုင်ပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်

Photo: နာရေးကူညီမှုအသင်း(ရန်ကုန်)

အောင်ထက်က အိမ်မက်ဆုံရာ ရာသက်ပန် သီချင်းဆိုပြိုင်ပွဲကြီးပြီးတဲ့နောက် ဟေ့...မိတ်ဆွေဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီးကို ပထမဆုံးအကြိမ် ထွက်ရှိခဲ့တာဖြစ်ပြီး ဒုတိယမြောက်တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ နှစ် Album Audio CD ကိုလည်း ၂၀၁၇ ခုနှစ်ထဲမှာ ထွက်ရှိထားတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ အောင်ထက်ဟာ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့နေပါပြီ။ 





ဆက်စပ်အကြောင်းအရာများ


Author


က္က