Sabal Thwin

နာဂတိုင်းရင်းသူလေးဖြစ်တဲ့ မာရီကိုးလ်ဟာ နာဂဒေသမှာရှိတဲ့ နာဂလူမျိုးတွေအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ အစားအသောက်တွေကို သွားရောက်လှူဒါန်းနေပါပြီ။ သူငယ်ချင်းဖြစ်တဲ့ ခင်သဇင်ကလည်း အကူအညီတွေ ပေးခဲ့တာကို တွေ့ရပါတယ်။

Photo: Mari cole

မာရီကိုးလ်ဟာ နာဂဒေသမှာရှိတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေကို သွားရောက် လှူဒါန်းနေပြီဖြစ်ပါတယ်။

‘’မုံရွာကနေ အမြန်ယာဉ်နဲ့ ခန္တီးသို ပို့ဆောင်ရန် နာဂဒေသကလေးများအတွက် လှူဒါန်းမည့်ပစ္စည်းများ ဝိုင်းကူပေးကြသော ဘုန်းနိုင်နှင့်တကွ အဖွဲ့သားတွေအားလုံးလည်း ကျေးဇူးအများကြီးတင်ပါတယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၆ နာရီကျော် ၇ နာရီ နီးပါးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ သူမဟာ ကျန်းမာရေးမကောင်းတဲ့ကြားက နာဂဒေသမှာရှိတဲ့ နာဂတိုင်းရင်းသားတွေအတွက် သွားရောက်လှူဒါန်းတာဖြစ်ပါတယ်။ ဒီခရီးစဉ်ကိုတော့ ဇူလိုင်လ ၁၆ ရက်နေ့ကတည်းက စတင်ထွက်ခွာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo: Mari cole

မာရီကိုးလ်ရဲ့ သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် ခင်သဇင်ကလည်း လိုအပ်တဲ့ဆေးဝါးတွေကို ကုမ္မဏီတွေနဲ့ ချိတ်ဆက်ပြီး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း နာဂဒေသရဲ့ ကျန်းမာရေးအခြေအနေက မကောင်းကြဘူးလို့လည်း Duwun Media ကို ခင်သဇင်က ပြောပြခဲ့ဖူးပါတယ်။

‘’ ကလေးတွေကဟိုမှာ အရမ်းဖျားနာပြီး အသေအပျောက်လည်းများကြတော့ မာရီကိုးက ကိုယ်တိုင်သွားမှာပေါ့။ သဇင်ကတော့ သတင်းအတိအကျရအောင် လိုအပ်တဲ့ ဆေးဝါးပစ္စည်းလေးတွေကို သိချင်လို့ စာရင်းလေးကောက်ပေးပါလားလို့ အကူအညီတောင်းတာပေါ့နော်။ ဒီဘက်ကလည်း အမြဲလှမ်းပို့ပေးလို့ရအောင် ပင်တိုင်လှူတဲ့သူရှိရင်တော့ ကောင်းတာပေါ့နော်။ သဇင်ကတော့ အလှူအကျိုးဆောင်ပေါ့နော်။ ဘာပဲပြောပြော ကုမ္မဏီတစ်ခုက လှူလိုက်ရင် နောက်ထပ် ကုမ္မဏီတွေကလည်း လှူလို့ရအောင် တွေးပြီးတော့ အလှူခံတာပါ’’လို့ သူကဆိုပါတယ်။

Photo: Mari cole

မာရီကိုးဟာ နာဂတိုင်းရင်းသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်ကို ဝါသနာပါလွန်းတာကြောင့် မော်ဒယ်သင်တန်းတက်ရင်း အနုပညာလောကထဲဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ တီဗီကြော်ငြာတွေလည်း ရိုက်ကူးထားတာဖြစ်သလို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိအားပေးလာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ အခုဆိုရင်လည်း ပရိသတ်အခိုင်အမာ ရရှိလို့နေပါပြီ။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က