မတ်လ ၃၀ ရက်နေ့မှာ ပြုလုပ်သွားမှာပါ။

နာမည်ကျော်အဆိုတော် မမ ၅ ဦးရဲ့ The 5 Live Concert Show ပွဲကြီးအတွက် လက်မှတ်တွေ ဝယ်ယူလို့ရနေပါပြီ။ ဒီ Show ပွဲကိုတော့ မတ်လ ၃၀ ရက်နေ့မှာ ပြုလုုပ်သွားမှာပါ။

Photo: Mie Mie Win Phye

အဆိုတော် မီမီဝင်းဖေ၊ ကော်နီ၊ တင်ဇာမော်၊ ချောစုခင်နဲ့ ဆုန်သင်းပါရ် တို့ပါဝင် သီဆိုကြမယ့်  The 5 Live Concert Show ပွဲကြီးကို မတ်လ ၃၀ ရက်နေ့မှာ ကျင်းပပြုလုပ်သွားပါမယ်ဆိုတာကို မီမီဝင်းဖေရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မတ်လ ၉ ရက်နေ့ နေ့လယ် ၁နာရီ ၅၀မိနစ် က တင်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ သီချင်းလေးတွေကိုလည်း နားထောင်ချင်ကြတဲ့ ပရိသတ်တွေ အများကြီးပါ။

Photo: Mie Mie Win Phye

The 5 Live Concert Show ပွဲကြီးကိုတော့ မြို့မကျောင်းလမ်းမှာရှိတဲ့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ လက်မှတ်တွေကိုတော့ မန်းသီရိ တေးသံသွင်း (ph.01252903) ၊ MMTIX (ph.09451010789)  ၊Myan Pwel Online Ticket(ph.09445151010)၊  Champion Store နဲ့ M2M DVD Store (ph.01241130)တို့မှာ မတ်လ ၉ ရက်နေ့က စပြီး ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။

Photo: Mie Mie Win Phye

မီမီဝင်းဖေ၊ ကော်နီ၊ တင်ဇာမော်၊ ချောစုခင်နဲ့ ဆုန်သင်းပါရ်တို့ဟာ ဂီတအလုပ်တွေနဲ့ အနည်းငယ်ကွာဝေးနေခဲ့ြ ကတာဖြစ်ပါတယ်။ ဒါပေမယ့် တင်ဇာမော်နဲ့ မီမီဝင်းဖေ တို့ကတော့ တစ်ကိုယ်တော်အခွေတွေ ထွက်ရှိခဲ့ကြပြီးဖြစ်ပါတယ်။ နောက်ထပ်လည်း အဆိုတော် ကော်နီရဲ့ သီချင်းအသစ်တစ်ပုဒ်ဖြစ်တဲ့ ‘’ဆေး’’ သီချင်းက ဒီနေ့ခေတ် လူငယ်တွေကြားမှာ ရေပန်းစားလျှက်ရှိပါတယ်။

Photo: Mie Mie Win Phye

ချောစုခင်နဲ့ ဆုန်သင်းပါရ်တို့ကတော့ မိသားစုကို အချိန်ပေးနေရတာကြောင့် အနုပညာအလုပ်တွေ လုပ်တာ သိပ်မတွေ့ရတော့ပါဘူး။ ဒါပေမယ့် သူတို့နှစ်ဦးဟာ သီချင်းဆိုပြိုင်ပွဲတွေမှာ အကဲဖြတ်ဒိုင်တွေအဖြစ် ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။



က္က